Chapter 37.2 (Z)

701 67 2
                                    

ဟုရှန်း၏နေအိမ်သည် နန်းတော်အပြင်ဘက်တွင် တည်ရှိသော်လည်းသိပ်မဝေး‌ပေ။ တပ်သားများသည် အိမ်ရှေ့၌စောင့်ကြပ်နေပြီး အိမ်ကြီး၏ဝင်ပေါက်အထက်တွင်ချိတ်ဆွဲထားသည့် "ယဲ့အိမ်တော်"ဟူသည့် ကမ္ဗည်းပြားကြောင့် ဖန်းချောင်ကျိုးမှာ ခေတ္တရပ်တန့်သွား၏။

ခြံဝင်းထဲသို့ဝင်ရောက်လာပြီးနောက် ဟုရှန်းသည် ဖန်းချောင်ကျိုးအားပင်မအိမ်တော်ဆီသို့ ခေါ်ဆောင်လာ၏။ "ဟုရှန်းရဲ့ နေအိမ်က မကျယ်ပါဘူး၊ ပင်မအိမ်တော်တစ်ခုပဲရှိတဲ့အတွက်ကြောင့် နဝမ‌မြောက်ဦးရီးတော် စိတ်မရှိဘူးလို့မျှော်လင့်ပါတယ်"

ဖန်းချောင်ကျိုးသည် ရွှယ်သမ်းရုန်၏ ယိုယွင်းနေသော ဂူထဲ၌ပင်နေထိုင်ခဲ့သည်ဖြစ်ရာ ယခုနေရာသည် အဆင်ပြေသည်ဟုခံစားမိသဖြင့် ခေါင်းညိတ်လိုက်၏။ "စိတ်မရှိပါဘူး ငါ့အတွက်အဆင်ပြေပါတယ်"

ဟုရှန်းသည် တစ်ခုခုထပ်၍ပြောချင်သော်ငြား ပါးစပ်ဖွင့်လိုက်သည်နှင့် ခေါင်းကိုလှည့်၍ ချောင်းဆိုးလိုက်ပြီး ပါးစပ်ကို လက်ကိုင်ပုဝါဖြင့်အုပ်ထားပုံမှာ အားနည်းသည့်အသွင်အပြင်ပေါ်နေ၏။

ဘေးတွင်ရှိနေသော အ‌ခြွေအရံတစ်ဦးသည် ချက်ချင်းပြောလာ၏။"သခင် သခင့်ရဲ့ကျန်းမာရေးကမကောင်းပါဘူး၊ နဝမမြောက်မင်းသား မြို့တော်ကိုပြန်လာတာနဲ့ပတ်သက်ပြီးလုပ်ဆောင်နေရတာတွေကြောင့် ရက်အတော်ကြာဆေးဝါးလည်းမသောက်သုံးရသေးပါဘူး၊ အခုရက်ပိုင်း သခင်က နန်းတော်မှာနေ့ရောညပါအမှုထမ်းနေရတာနဲ့ ပင်ပန်းနေပါပြီ ဒီတိုင်းဆက်သွားမယ်ဆို ကျန်းမာရေးအတွက်မကောင်းပါဘူး"

"ငါ... နေကောင်းပါတယ် " ဟုရှန်းသည် အားနည်းစွာပြောလာ၏ " လည်ချောင်းထဲမှာ နည်းနည်း အဆင်မပြေဖြစ်ရုံပါ  နဝမမြောက်ဦးရီး‌တော်က အခုမှ ပြန်လာတာကို ငါ့အနေနဲ့မရိုင်းပျသင့်ဘူးလေ"

"အဆင်ပြေပါတယ်၊ မင်းပြန်ပြီး အနားယူသင့်တယ်" ဟုရှန်း၏ယခုကဲ့သို့ပုံစံကြောင့် ဖန်းချောင်ကျိုးမှာ တစ်ဖက်လူအား သူ့အနား၌ထပ်ရပ်မ‌နေစေချင်တော့ပေ။ဟုရှန်းချောင်းဆိုးနေရင်း သွေးများပါလာပါက ပို၍ပင်အဆင်မပြေဖြစ်လာလိမ့်ပေမည်။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now