Chapter 47.2 (U)

1.7K 376 8
                                    

"ရုပ်သေးရုပ်လား?" ကျုံးလီယွဲ့ရှီသည် ထိုစကားများအား ညင်သာစွာပြောလာပြီး မျက်မှောင်ကြုတ်လိုက်၏။ထို့နောက် မျက်လုံးကိုပင့်ကာ ဖန်းချောင်ကျိုးအားကြည့်လာလေသည်။ဖန်းချောင်ကျိုးသည် ပြုံးပြကာ မည်သည့်အမူအရာမှမရှိသောရွှယ်သမ်းရုန်၏နောက်တွင်ပုန်းနေလေ၏။

ရွှယ်သမ်းရုန်သည် ရှေ့သို့လှမ်းလာပြီး ဖန်းချောင်ကျိုးအားလုံခြုံအောင်ပို၍ပင်
ကာထားကာ ညင်သာစွာပြောလာသည်။"ရှစ်ကျူ ဒီကိုဘာလို့ရောက်နေတာလဲ?"

"ငါမလာဘူးဆိုရင် မင်းတို့ ဘယ်လိုဒုက္ခတွေ ထပ်ပြီးဖန်တီးဦးမလဲဆိုတာမသိနိုင်ဘူးလေ" ကျုံးလီယွဲ့ရှီ၏လေသံသည် အလွန်ပင်အေးစက်နေကာ "ဖန်းချောင်ကျိုး၊ ထွက်လာခဲ့"

ဤလေသံကိုကြားသောအခါ ဖန်းချောင်ကျိုးသည် ပို၍ပင် စိတ်မသက်မသာ ခံစားလာရသည်။ သူမထွက်လာချင်‌ပေ၊သူထွက်လိုက်ပါကအရိုက်ခံရမည်ဟု ခံစားနေရလေသည်။

ထိုအချိန်တွင် ဧကရာဇ်မင်းမြတ်၏ အသံသည် ရုတ်တရက်ပေါ်ထွက်လာကာ "မင်းက ဘယ်သူလဲ၊ ငါ့သားက မင်းကို ဘာလို့ အရမ်းကြောက်နေတာလဲ၊ မင်းက ငါ့သားရဲ့ ဇနီးများလား၊ နောက်ပြီး ငါ့မြေးကို ရုပ်သေးရုပ်ဖြစ်အောင် ဘာလို့ လုပ်ခဲ့တာလဲ?"

ဖန်းချောင်ကျိုးသည် ချက်ချင်းပင် ခေါင်းကို လှည့်ကာ ဧကရာဇ်ကို ကြည့်နေသောသူ၏မျက်နှာသည် ထိတ်လန့်နေမှုများဖြင့် ပြည့်နှက်နေသည်။ "ခမည်းတော်၊ ဘာတွေပြောနေတာလဲ?"

ဧကရာဇ်သည် ဖန်းချောင်ကျိုး၏ထိတ်လန့်နေပုံကိုမြင်သောအခါ သူ၏ခန့်မှန်းချက်များမှန်ကန်နေသည်ဟုပင် ပို၍ယုံကြည်လာသည်။ရွှယ်သမ်းရုန်၏အသံမှာ တိုးလျသောကြောင့် ဧကရာဇ်မှာသေချာစွာမကြားရသလို ကျုံးလီယွဲ့ရှီ၏ စကားသံကိုပါ သူသေချာမကြားရပေ၊ ကြောင်ကိုကြောက်နေသည့်ကြွက်တစ်ကောင်ကဲ့သို့ ရွှယ်သမ်းရုန်၏နောက်တွင်ပုန်းနေသောဖန်းချောင်ကျိုးကိုသာ မြင်နေရလေသည်။

စုန့်လျန်ရီ ရုပ်သေးရုပ်အဖြစ်သို့ပြောင်းလဲသွားခြင်းနှင့်ပတ်သက်၍ သူ၏သားသည်ကျင့်ကြံသူတစ်ဦးဖြစ်သောကြောင့် ဇနီးသည်လည်း မှော်ပညာကျွမ်းကျင်နေခြင်းဖြစ်ရပေမည်။ တစ်စုံတစ်ယောက်အား မှော်ပညာကို အသုံးပြု၍ ရုပ်သေးရုပ်အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ခြင်းမှာ ပုံမှန်ကိစ္စရပ်တစ်ခုလိုပင်။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now