Chapter 48.1 (U)

1.8K 363 7
                                    

ကျုံးလီယွဲ့ရှီမှာ ဆက်၍သည်းမခံနိုင်တော့ချေ။သူ၏လက်ဖဝါးဖြင့် ပုံရိပ်ကိုဖျက်ဆီးလိုက်ကာ ဤပြဿနာများကိုရှင်းပစ်မည့်ရည်ရွယ်ချက်များပြည့်နေသော မျက်ဝန်းများဖြင့် ဖန်းချောင်ကျိုးထံ လှည့်ကြည့်လာသည်။ဖန်းချောင်ကျိုးသည် တုန်လှုပ်ကာအခြားအရာမျကိုပင် ဂရုမစိုက်တော့ဘဲ ရွှယ်သမ်းရုန်၏နောက်၌ ပုန်းနေပြန်၏။

ဖန်းချောင်ကျိုးမှာ မျက်နှာအား မပြဝံ့ဘဲ စကားသာပြောလေ၏။

"ရှစ်ကျူ၊ ရှစ်ကျူမြင်ခဲ့တာက အဖြစ်အပျက်အလုံးစုံရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတာ၊ နည်းနည်းထပ်ပြန်ကြည့်ရင် ရှစ်ကျူထင်သလိုမဟုတ်ဘူးဆိုတာ တွေ့လာလိမ့်မယ်၊ အခုမြင်နေရတာတွေက... သူကျွန်တော့်ကို ထပ်ပြီးဒုက္ခမပေးအောင် တမင်လုပ်နေတာပါ"

ဖန်းချောင်ကျိုးပြောပြီးသည်နှင့် ရယ်မောသံအား ကြားလိုက်ရလေ၏။

"အထင်မလွဲကြပါနဲ့ ကျွန်တော်နဲ့ဖန်းချောင်ကျိုးရဲ့ကြားမှာ ဘာမှမဖြစ်ခဲ့ပါဘူး" စုန့်လျန်ရီသည် သူ၏မူလအသွင်အပြြင်သို့ပြန်ပြောင်းသွားပြီး စိတ်နေသဘောထားသည်လည်း ယခင်အတိုင်းပြောင်းလဲသွား၏။သူသည် ကျုံးလီယွဲ့ရှီ၏မန္တန်ကြောင့် မတ်တပ်မရပ်နိုင်သဖြင့် မြေပြင်ပေါ်တွင်သာထိုင်ကာ မျက်လုံးများမှာလည်း စွဲမက်ဖွယ် နီရဲနေ၏။" ဟုတ်တယ်မလား၊ ဖန်းချောင်ကျိုး?"

ဖန်းချောင်ကျိုးသည် စုန့်လျန်ရီ၏ လေသံမှာ ထူးဆန်းသည်ဟု ခံစားမိသော်လည်း သူ၏စကားတွင် မည်သည့်အမှားအယွင်းကိုမျှ မတွေ့မိပေ။ ခေတ္တမျှစဉ်းစားပြီးနောက် ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်"

"ကြားတယ်မလား?ဖန်းချောင်ကျိုးနဲ့ ငါ ဘာမှဖြစ်မသွားဘူး" စုန့်လျန်ရီသည် ထိုသို့ပြောပြီးသည့်နောက် ရယ်မောနေ၏။

ကျုံးလီယွဲ့ရှီ၏ မျက်လုံးများ မှည်းမှောင်သွားပြီး ဝတ်ရုံစကိုဝှေ့ယမ်းကာ စုန့်လျန်ရီအားထိန်းချုပ်ထားသည်ကို လွှတ်လိုက်ပြီး အေးစက်စွာပြောလာ၏ "အဲဒါဆို မင်းဘာသာ ထွက်သွားလို့ရပြီ"

ထိုစကားကိုကြားသောအခါ စုန့်လျန်ရီသည် ရွှယ်သမ်းရုန်ဆီသို့ တစ်ချက်ကြည့်လိုက်၏။သူသည် ရွှယ်သမ်းရုန်ကိုကြည့်နေသလား သို့မဟုတ် ရွှယ်သမ်းရုန်၏နောက်တွင် ပုန်းအောင်းနေသည့် ဖန်းချောင်ကျိုးကို ကြည့်နေသလားကို‌ေတာ့ မသဲကွဲပေ။ခဏအကြာတွင် ထရပ်ပြီး ကျုံးလီယွဲ့ရှီအား ဦးညွှတ်ကာ "ဒါဆို၊ သခင် ကျုံးလီ၊ ခင်ဗျားရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now