Chapter 62

502 77 2
                                    

chapter 62

သူတို့ပြောနေတဲ့ သူ့အဖေမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက သေဆုံးခဲ့ပြီးဖြစ်သည်။ သူ့အဖေအကြောင်းကြားလိုက်ရတော့ ချိုးရှင်း အမူအရာပျက်သွားသည်။ သူမျက်မှောင်ကြုတ်ကာ တစ်ခုခုပြောရန်ပြင်လိုက်ချိန် တံခါးဘက်မှ ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။ "ဆက်ခံသူရှိပြီးရင် ဘာဆက်လုပ်မှာလဲ? အလျှော့အတင်းကတ်လို အသုံးချပြီး အနာဂတ်မှာ ခင်ဗျားအမျိုးတွေဆီက ရုန်တင်းကိုလက်ဝါးကြီးအုပ်မလို့မလား?"

ထိုစကားများထွက်ပေါ်လာသောတစ်ခဏတွင် အခန်းထဲရှိလေထုမှာ ချက်ချင်းအေးစက်သွားသည်။ အဖိုအိုရဲ့အမူအရာမှာ ချက်ချင်းမှောင်မဲသွားသည်။ ဖုန်းဆော့နေသောလူငယ်မှာလည်း ဖုန်းကိုချကာ အသံလာရာကို လှမ်းကြည့်လိုက်သည်။

ကျယ်ယန်က တံခါးကိုတွန်းဖွင့်လိုက်ပြီး ဧည့်ခန်းထဲသို့ ခြေလှမ်းကျဲများဖြင့် ဝင်လာသည်။ လည်စည်းနှင့် လက်အိတ်ကိုချွတ်ကာ ချိုးရှင်းရဲ့ ထိုင်ခုံလက်တန်းပေါ်တွင်ထိုင်လိုက်သည်။ လည်စည်းနှင့် လက်အိတ်ကို ချိုးရှင်းထံပစ်ပေးလိုက်ပြီး ချိုးရှင်းလက်ထဲမှ လက်ဖက်ရည်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။ သူ့ရှေ့၌ထိုင်နေသော လူနှစ်ယောက်ကိုကြည့်ပြီး ယဉ်ကျေးစွာပြုံးပြလိုက်သည်။ သို့သော်ငြား သူချိုးရှင်းကိုလှည့်ပြီး ပြောလိုက်သည်မှာ "ချိုးရှင်း ခင်ဗျားမှာ ဘုရားကျောင်းဆောင်ကြီးရှိနေတယ် ထင်နေတာလား။ အဲ့ဒီ့ဆွေမျိုးဆိုတဲ့ ခင်ဗျားကိုသေစေချင်နေတဲ့ဟာတွေ လာတော့ ခင်ဗျားကဗုဒ္ဓဖြစ်သွားတာလား"

ချိုးရှင်းက ကျယ်ယန်ကို ခေတ္တစိုက်ကြည့်နေပြီး ရုတ်တရက်ပြုံးသွားသည်။ ကျယ်ယန့်လက်ထဲက လက်ဖက်ရည်ခွက်ကို ပြန်ယူလိုက်ပြီး "အေးနေတဲ့လက်ဖက်ရည်ကို ဘာယူလုပ်တာလဲ?" ထို့နောက် အိမ်အကူကိုခေါ်၍ ကျယ်ယန်အတွက် နွားနို့ပူပူလေးတစ်ခွက် ယူလာခိုင်းလိုက်သည်။ သူတို့ရှေ့ရှိ လူနှစ်ယောက်အား ဖုတ်လေတဲ့ငပိ ရှိတယ်ပင်မထင်။

"အားရှင်း အဲ့ဒါဘယ်သူလဲ မင်းဦးလေးကို မမိတ်ဆက်ပေးတော့ဘူးလား?"

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Where stories live. Discover now