Chapter 66

478 79 1
                                    

Chapter 66

ပွဲအခမ်းအနားတစ်ခုလုံး တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ V group က ဖိတ်ခေါ်ထားသော မီဒီယာများမှာလည်း သူတို့၏ကင်မရာများကို စင်မြင့်ငယ်လေးဆီသို့ တဖြည်းဖြည်း ဦးတည်သွားသည်။ ကျိဇယ့်ဟွေ့က ရှင်းရှင်းလင်းလင်းသဘောပေါက်သွားသည်။ "နှစ်နည်းနည်းကြာပြီးမှ ရုပ်ရှင်ဘုရင်မတွေက မင်းသားလေးရဲ့စန္ဒယားတီးခတ်မှုနဲ့ သီချင်းဆိုနေကြတယ်။ သူတို့က သတင်းကြီးလုပ်ချင်နေကြတာပဲ"

"အဲ့ဒါထက်ပိုတယ်" ချင်းချန်က ကျယ်ယန်ဆီကို ချဉ်းကပ်လာပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။ "audition အတွက် မင်းကို ဒါရိုက်တာ ကျိုးဟွိုင်ရန် ကမ်းလှမ်းလာတဲ့ ဒုတိယမင်းသားဇာတ်ကောင်က အဲ့လို စန္ဒယားတီးသူဇာတ်ကောင်ပဲ။ တကယ်လို့ ဖန်ချန်းနန်က ဒီနေ့ စန္ဒယားတီးခတ်မှုကနေ ကျော်ကြားမှုအများကြီးရသွားမယ်ဆိုရင် ပရိုဂျူဆာတွေကလည်း audition မှာ ဖန်ချန်းနန်အပေါ် ပိုပြီးစိတ်ဝင်စားလာမှာ သေချာတယ်။" 

ကျိဇယ့်ဟွေ့ ဒီအကြောင်းကြားလိုက်ရတော့ ကျယ်ယန်ကို အံ့အားသင့်စွာကြည့်လိုက်ပြီး "audition? မင်းသရုပ်ဆောင်လုပ်တော့မလို့လား?"

ကျယ်ယန်ပြန်မဖြေပေ။ သူစင်မြင့်ထက်က ဖန်ချန်းနန်ကို ကြည့်လိုက်ပြီး ခေတ္တတွေးနေသည်။ ထို့နောက် သူဖုန်းထုတ်ကာ ခေါ်လိုက်သည်။

ဖုန်းကလျင်မြန်စွာဆက်သွယ်သွားပြီး "စီနီယာ V group ရဲ့ ဒင်နာပါတီကိုတက်တယ်မလား? စန္ဒယား တီးတက်လား? ကျွန်တော် စီနီယာကို အကူအညီတောင်းချင်လို့….. ကျွန်တော်အခု အပြင်ဘက် C ဧရိယာမှာ"

ကျိဇယ့်ဟွေ့နဲ့ ချင်းချန်တို့နှစ်ယောက်လုံး ကျယ်ယန်ကိုကြည့်နေသည်။

ကျယ်ယန်ကဖုန်းချကာ ရှင်းပြလိုက်သည်။ "အဲ့ဒါ ရှန်ယန်ပါ။ သူက ကျွန်တော်တို့ဆီလာပြီး စန္ဒယားတီးပေးဖို့ သဘောတူတယ်။ စီနီယာကျိ 'အိမ်မက်ထဲကပန်းပွင့်များ' ဆိုတဲ့ သီချင်းကို ဖျော်ဖြေတင်ဆက်မယ်ဆိုရင် ဘယ်လိုလဲ?"

'အိမ်မက်ထဲကပန်းပွင့်များ' သီချင်းက ကွယ်လွန်သူတေးရေးဆရာကြီးဟန်ယွီရဲ့ ဂန္ဓဝင်လက်ရာတစ်ပုဒ်ဖြစ်သည်။ ၎င်းကို လွန်ခဲ့သောဆယ်စုနှစ်များစွာမှ ယနေ့တိုင် သီဆိုနေကြဆဲဖြစ်သည်။ သီချင်းစာသားများက ပြောင်မြောက်မှုရှိပြီး သံစဉ်မှာလည်း လှပသည်။ ၎င်းကို မူလတန်းနှင့် အထက်တန်း ဂီတသင်ရိုးတွင် ထည့်သွင်းထားပြီး အလွန်ကျော်ကြားသောသီချင်းတစ်ပုဒ် ဖြစ်သည်။ 

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Where stories live. Discover now