Chapter 86

2.1K 339 6
                                        

Chapter 86

တစ်ယောက်ထိုင်ဆိုဖာပေါ်တွင်ထိုင်နေသောပုံရိပ်ကို ဝိုးတိုးဝါးတားမြင်လိုက်သည်။ ဆိုဖာ၏ နောက်မှီသည် အတော်အတန်မြင့်ပြီး အတွင်းဘက်တွင် ရှိနေသောကြောင့် ကျယ်ယန်သည် အခန်းထဲသို့ဝင်လာချိန်တွင် သတိမထားမိလိုက်ပေ။ သူ့နှုတ်ခမ်းထောင့်များ ကွေးတက်သွားသော်လည်း အလျင်အမြန်ပြန်ထိန်းလိုက်ပြီး "လျောင်ရှစ်ဖူ၊ ဦးလေးဘယ်လိုလုပ်ဒီမှာရှိနေတာလဲ?"

".........."

ချိုးရှင်းက မတ်တပ်ရပ်လိုက်ပြီး တံခါးသို့လျှောက်လာကာ အခန်းမီးအားလုံးကိုဖွင့်လိုက်သည်။ ထို့နောက် သူ ကျယ်ယန့်အနားသို့ လျှောက်လာသည်။ ကျယ်ယန်သည် ရုတ်တရက်မီးဖွင့်လိုက်သောကြောင့် မသက်မသာဖြင့် မျက်လုံးများမှိတ်လိုက်ပြီး မျက်ခုံးများဖိရန် လက်မြှောက်လိုက်သည်။

သူ ဒင်နာတွင် အရက်များစွာသောက်ရန်အဆွယ်ခံရပြီး သူတကယ်လည်း အများကြီးသောက်ခဲ့သည်။ သူ့စွမ်းရည်ဖြင့် အယ်လ်ကိုဟောလ်အားလုံးကို သန့်စင်ပစ်လိုက်နိုင်သော်လည်း သူ့စွမ်းရည်အားလုံးကို နောက်လအနည်းကြာမတွေ့ရတော့မည့်ကြွက်ကြီးအတွက် ချန်ထားချင်သောကြောင့် သူဝန်လေးနေခဲ့သည်။ 

ချိုးရှင်းသည် မျက်ခုံးများကိုဖိနေသော ကျယ်ယန်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး နီရဲနေသော ကျယ်ယန်၏မျက်ဝန်းများကိုကြည့်ကာ မီးကဲ့သို့ပူပြင်းတောက်လောင်နေသောအသံဖြင့် မေးလိုက်သည်။ "မင်းခေါင်းကိုက်နေတာလား? ဘယ်လောက်ထိတောင် သောက်လာတာလဲ?"

"သိပ်မများပါဘူး။ ဘီယာပုလင်းနည်းနည်း၊ ဝိုင်ဖြူခွက်နည်းနည်းနဲ့ ဝိုင်နီခွက်တစ်ဝက်"

ချိုးရှင်းသည် မယုံနိုင်စွာဖြင့် "မင်း အကုန်တွဲပြီးတောင် သောက်ရဲသေးတယ်?"

ကျယ်ယန် သူ့အား မျက်လုံးမှေးကြည့်ကာ ပြုံးလိုက်ပြီး "ဘာလဲ၊ မရဘူးလား?"

ချိုးရှင်း ခဏလောက်အံ့သြသွားပြီး မျက်မှောင်ကြုတ်ကာ အော်လိုက်သည်။ "ကျယ်ယန်"

"ဘာလဲ၊ မရဘူးလား?"  ကျယ်ယန်က ထပ်မေးပြန်သည်။ သူ့လက်ကို ပြန်ဆွဲထုတ်၍ သူ့အင်္ကျီကော်လံကို ဆွဲလိုက်ပြီး ခြေလှမ်းအနည်းငယ်လှမ်းကာ ဆိုဖာလက်တန်းပေါ်ကို မှီ၍ မေးထောက်ကာ ချိုးရှင်းကို ကိုကြည့်လိုက်သည်။ "မရဘူးလား? ကျွန်တော်က အရွယ်ရောက်နေပြီ။  အရက်သောက်လို့မရဘူးလား"

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Where stories live. Discover now