Chapter 82

1.9K 355 10
                                    

Chapter 82

ကျယ်ယန်သည် ချိုးရှင်းအား အသံတိတ်ကြည့်လိုက်သည်။

"........." ချိုးရှင်းသည် သူ့လက်ကို အဆင်မပြေစွာ ပြန်ယူလိုက်ပြီး "မြန်မြန်သောက်ပြီး အိပ်ယာဝင်တော့။ နောက်ကျနေပြီ။" 

ကျယ်ယန်သည် နွားနို့ကို တစ်ကျိုက်တည်းသောက်လိုက်သည်။ ထို့နောက် သူရှေ့တိုးကာ ချိုးရှင်းကိုဖက်လိုက်ပြီး သူ့လက်ချောင်းများသည် ချိုးရှင်း၏လည်ပင်းကိုထိလိုက်သည်။ 

ချိုးရှင်း၏ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး သူ့လက်များ အလိုလိုမြောက်သွားသဖြင့် ခက်ခက်ခဲခဲရပ်လိုက်ရသည်။ အချိန်အတော်ကြာအောင် ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့ပြီး နောက်ဆုံးတွင် သူသည် စိတ်လျှော့၍ခေါင်းငုံ့လိုက်ကာ ကျယ်ယန်၏ဆံပင်များကိုထိလိုက်သည်။ ထို့နောက် သူတိုးတိုးလေးပြောလိုက်သည်။ "ကျယ်ယန်……….. အိမ်က ကြိုဆိုပါတယ်။"

ကျယ်ယန်သည် တိတ်တိတ်လေး ပြုံးလိုက်ပြီး သူ့လက်ချောင်းများကိုပြန်ရုတ်ကာ နောက်ပြန်ဆုတ်လိုက်သည်။ ခွက်ကို ချိုးရှင်း၏လက်ထဲသို့ပြန်ထည့်ကာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။ စောစောအိပ်တော့လေ။ ကောင်းသောညပါ။" ပြောပြီးနောက် သူသည် ချိုးရှင်းစကားလုံးများ၏ သေးငယ်သောအရိပ်အမြွတ်ကို မကြားသလိုဟန်ဆောင်ကာ အပေါ်ထပ်သို့ လှည့်တက်သွားသည်။

"..............."

ချိုးရှင်းသည် နွားနို့ခွက်တွင်ကျန်ရစ်နေသော ကျယ်ယန်၏ကိုယ်ငွေ့ကိုထိကာ လှေကားများကိုငေးကြည့်လိုက်ပြီး မျက်လွှာချလိုက်သည်။

"ကောင်းသောညပါ"

***************

နောက်တစ်နေ့ ကျယ်ယန်အောက်ထပ်သို့ဆင်းလာချိန်တွင် ချိုးရှင်းသည် ထမင်းစားပွဲတွင် ထိုင်နှင့်ပြီးဖြစ်သည်။ ကျယ်ယန်သည် စားပွဲပေါ်ရှိ တစ်ယောက်စာ မနက်စာကိုကြည့်လိုက်သည်။ ထို့နောက် မျက်နှာချင်းဆိုင်တွင်ထိုင်နေသောချိုးရှင်းကိုကြည့်ကာ "ခင်ဗျား မစားဘူးလား?"

ချိုးရှင်းက သူ့ကိုပြောလိုက်သည်။ "စစ်ဆေးမှုအများစုက အစာမရှိဖို့လိုအပ်တယ်။"

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Where stories live. Discover now