Chapter 89
ကျယ်ယန်က ဒီတစ်ကြိမ်တွင် သူဘယ်လောက်ကြာအောင်အိပ်ပျော်သွားသည်မသိ။ သူနိုးလာတော့ သူ့စွမ်းအားပင်မသည် တည်ငြိမ်နေပြီး သူ့ခန္ဓာကိုယ်က အရင်ကထပ်ပိုမိုပေါ့ပါးလာသည်။ အခန်းက မှောင်နေပြီး လေထဲတွင် ပိုးသတ်ဆေးနံ့တွေ ပျံ့လွင့်နေသည်။
ဒါဟိုတယ်မဟုတ်ဘူး။ သူချက်ချင်းနိုးလာပြီး ထထိုင်လိုက်သည်။ သူ့ဘေးက လူနာစောင့်ကုတင်ပေါ်ရှိလူသည်လည်းပဲ ထထိုင်လာသည်။ ထိုလူက အိပ်ယာထဲမှထလာကာ ဘေးစားပွဲရှိ မီးအိမ်ကိုဖွင့်လိုက်သည်။ ထို့နောက် သူ ကျွမ်းကျင်စွာလက်လှမ်းလာပြီး ကျယ်ယန့်နှဖူးကိုထိလိုက်သည်။
ကျယ်ယန်က ထိုလက်ပိုင်ရှင်ကိုမော့ကြည့်လိုက်သည်။ အဲ့ဒါချိုးရှင်းပဲ။ သူက နိမ့်ကျတဲ့ လေထုဖိအားကိုပေးနေပြီး သူ့မျက်နှာမှာ မဲမှောင်နေသည်။
ဝူရွှေ့၊ သစ္စာဖောက်ကောင်။
ကျယ်ယန် ရှင်းပြလိုက်သည်။ "ကျွန်တော်………. ဒီတစ်ခါ ကျွန်တော် အရမ်းပင်ပန်းလွန်းပြီး ဖျားသွားတာပါ။"
ချိုးရှင်းက ချက်ချင်းစကားပြန်မပြောပေ။ သူ လူခေါ်ဘဲလ်ကိုအရင်နှိပ်လိုက်ပြီး ကုတင်ပေါ်တွင်ထိုင်လိုက်သည်။ သူ ကျယ်ယန်ကိုကြည့်ကာ အိပ်ယာနိုးစ အက်ရှရှအသံဖြင့် "နောက်တစ်ခါဆိုတာမရှိရဘူး။"
စွမ်းအားအဆင့်တက်လာလို့ ထိန်းချုပ်မရဖြစ်တာက နောက်တစ်ခေါက်လည်း သေချာပေါက်ဖြစ်ဦးမှာပဲ။ ကျယ်ယန်က ဘာဖိအားမှမရှိဘဲ ခေါင်းငြိမ့်လိုက်သည်။ "နောက်တစ်ခါမရှိပါဘူး။"
ချိုးရှင်း၏အမူအရာသည် တိမ်ထူသွားပြီး ကျယ်ယန့်မျက်နှာကို လှမ်းထိကာ ကျယ်ယန့်အား ကိုင်း၍ အသက်ဖြေးဖြေးရှူကာဖက်လိုက်သည်။
ကျယ်ယန်က မေးလိုက်သည်။ "ကျွန်တော် ဘယ်လောက်ကြာအောင်အိပ်နေခဲ့တာလဲ?"
"နှစ်ရက်" ချိုးရှင်း၏လက်မောင်းများ တင်းကြပ်သွားပြီး ဆူပူလိုက်သည်။ "မင်းက တကယ်ပဲ ကိုယ့်ကို ဒီကိစ္စကိုဖုံးထားချင်ပြီး ဝူရွှေ့ကိုတောင် လိမ်ခိုင်းလိုက်သေးတယ်။ ဘယ်သူကမင်းကို သတ္တိတွေပေးလိုက်တာလဲ?"
BẠN ĐANG ĐỌC
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Viễn tưởngစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...
