Chapter 70
ဟန်ဆောင်မှုတွေက ကျယ်ယန့်စကားများကြောင့် ပြိုကွဲသွားပြီး ရင်းနှီးဖော်ရွေချင်ယောင်ဆောင်ဖို့မလိုတော့ပေ။ ဖန်ချန်းနန်သည် သူ့လက်ထဲရှိ ဇာတ်ညွှန်းစာရွက်တွေကို စီလိုက်ရင်း တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။ "မင်းဘာတွေပြောနေမှန်း ငါမသိဘူး"
"ဟုတ်လား?" ကျယ်ယန်ရယ်မောကာ ဇာတ်ညွှန်းစာရွက်အောက်က ဖန်ချန်းနန်၏ဖုန်းကိုကြည့်လိုက်သည်။ "ခင်ဗျားတိတ်တိတ်လေးအသံသွင်းနေတာကို ကျွန်တော်မမြင်ချင်ယောင်ဆောင်ဖို့လိုသေးလား?"
ဖန်ချန်းနန်က ဇာတ်ညွှန်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး ကျယ်ယန်ကို မျက်မှောင်ကြုတ်ကြည့်ကာ "ကျယ်ယန် မင်းကလူသစ်တစ်ယောက်ပဲ။ မင်းရဲ့စိတ်လှုပ်ရှားမှုနဲ့ထက်မြက်မှုကို ငါနားလည်ပေးနိုင်တယ်။ ဒါပေမယ့် မင်းသိပ်မလွန်သင့်ဘူး"
"V အုပ်စုရဲ့ပါတီမှာ မုကျိုးယိက ကောလဟာတွေအကြောင်း ခင်ဗျားကိုပြောခဲ့ပြီး ခင်ဗျားက အဲ့အကြောင်း တစ်ယောက်ယောက်ကိုဖြန့်ခိုင်းလိုက်တယ်မလား? မုကျိုးယိက အဲ့ဒါအတွက် ခင်ဗျားနဲ့ ဘာအလဲအလှယ်လုပ်ခဲ့တာလဲ? 'ပြင်းထန်တဲ့တိုက်ပွဲ'ရဲ့အထူးဧည့်သည်အဖြစ်လား?"
ဖန်ချန်းနန် အမူအရာပျက်သွားသည်။
"ဖန်ချန်းနန်၊ ဘယ်သူမှ တုံးအမနေဘူး။ လူသုံးယောက်က ဇာတ်ကောင်အတွက် တိုက်ခိုက်နေကြတာ။ ရန်ရှင်းက ဟွမ်ယွီကဆိုတော့ ခင်ဗျားသူ့ကိုမဆန့်ကျင်ရဲဘူး။ ဒါနဲ့ပဲ ခင်ဗျားက ကျွန်တော့ကိုပစ်မှတ်ထားလိုက်တာပဲ။ ခင်ဗျားစိတ်ထဲ ကျွန်တော်က အနိုင်ကျင့်လို့လွယ်မယ်ထင်နေတာလား? 'ကျယ်ယန်ခွဲစိတ်ပြုပြင်ထားခြင်း' နဲ့ 'အတုတွေဝတ်တဲ့ကျယ်ယန်'၊ အားလုံးကတကယ်ကောင်းတဲ့နာမည်ကြီးခေါင်းစဉ်တွေပဲ။ ကျွန်တော့်ကို လူသိများအောင် အစပျိုးပေးတဲ့အတွက် ခင်ဗျားကိုကျေးဇူးတင်ပါတယ်။"
ဖန်ချန်းနန်သည် သူ့အမူအရာကို တည်ငြိမ်အောင်ထိန်းလိုက်ပြီး "ကျယ်ယန် ငါ့ကိုမစွပ်စွဲနဲ့"
"ကြည့်ရတာ ခင်ဗျား လက်မလျှော့သေးဘဲ ကျွန်တော့ကို ဆက်လိမ်ချင်နေသေးတာပဲ" ကျယ်ယန်က ဖန်ချန်းနန်အနားသို့ကပ်သွားကာ သူ့အသံကိုနှိမ့်လိုက်ပြီး "မုကျိုးယိက ခင်ဗျားကိုဘာပြောခဲ့တာလဲ? 'ကျယ်ယန်ကိုတစ်ယောက်ယောက်ကမွေးစား(စပွန်ဆာပေး)ထားတာ ငါ့မျက်လုံးနဲ့ကိုယ်တိုင်မြင်ခဲ့တာ' လို့လား? ဒါမှမဟုတ် 'သူ့ကို ကျယ်မိသားစုက ငါ့ရဲ့ဟိုလိုလိုဒီလိုလိုတွဲဖက်ရဲ့ မိသားစုဝင်ဆီ ရောင်းစားခဲ့တာ' လို့များလား? သူခင်ဗျားကို စချဉ်းကပ်ခဲ့တာပဲ။ သူက တကယ်ပဲကြင်နာစွာနဲ့ ခင်ဗျားကို ကျွန်တော့ကိုကိုင်တွယ်ဖို့ သတင်းပေးခဲ့တယ် ထင်နေတာလား? သူ ခင်ဗျားကို တကယ်ပေးခဲ့တာက အဆိပ်ရှိတဲ့ဟင်းတစ်ခွက်လို့ ခင်ဗျားလုံးဝမတွေးခဲ့ဘူးလား?"
![](https://img.wattpad.com/cover/335104708-288-k49769.jpg)
DU LIEST GERADE
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasyစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...