Chapter 65
နောက်တစ်နေ့ ကျယ်ယန်မနက်စာစားဖို့ အောက်ဆင်းလာတော့ အံ့အားသင့်ဖွယ်ကောင်းစွာပင် ချိုးရှင်းမှာ အိပ်ယာမထသေးတာ တွေ့လိုက်ရသည်။
အိမ်တော်ထိန်းကတော့ ပျော်ရွှင်နေလေသည်။ "သူဌေးက ဒီနှစ်တွေမှာ ကောင်းကောင်းမအိပ်နိုင်ခဲ့ဘူး။ တစ်ခါတစ်ရံ သူခေါင်းကိုက်တတ်ပြီး ညဝက်လောက်ပဲအိပ်ပျော်တယ်။ သူအခုနောက်ကျတဲ့အထိအိပ်နိုင်တာ ကောင်းတဲ့ကိစ္စပဲ။ အိပ်ရေးဝဝအိပ်လာနိုင်တော့ ကိုယ်အလေးချိန်တတ်လာနိုင်တော့မယ်။"
ကျယ်ယန် ထိုအကြောင်းနားထောင်ပြီးနောက် ဒုတိယထပ်ရှိရာသို့ လှမ်းကြည့်လိုက်ပြီး လမ်းလျှောက်ကာ တက်သွားသည်။ ထို့နောက် ချိုးရှင်းအခန်းတံခါးကို ညင်သာစွာ ဖွင့်လိုက်သည်။ အခန်းလိုက်ကာများက တစ်ဝက်ပိတ်ထားပြီး မနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် အိပ်ရာသို့ဖြာကျနေသည်။ ၎င်းက အိပ်နေသူအား နွေးထွေးသောရွှေရောင်အလွှာလေး ခြုံပေးထားသည်။
ကျယ်ယန်သည် ခြေသံဖော့ဖော့လေး လျှောက်သွားကာ ချိုးရှင်းအား ခေတ္တကြည့်မိသည်။ ထို့နောက် ငုံ့ကိုင်းကာ ချိုးရှင်း၏ မျက်ခုံးများအကြား လက်ညိုးတစ်ချောင်းဖြင့်ထိလိုက်ပြီး ထိုညက သူစုဆောင်းထားသော စွမ်းအားများအားလုံးကို ထည့်သွင်းပေးလိုက်သည်။ ထို့နောက် သူလှည့်ထွက်သွားသည်။
တံခါးပိတ်သွားသောအခါ အိပ်ရာပေါ်မှလူသည် လှုပ်ရှားကာလှည့်သွားသည်။
"ခိုးကြောင်ခိုးဝှက်နဲ့…." ကြွက်ကျနေတာပဲ။
ချိုးရှင်းသည် စောင်ဖြင့် သူ့နှဖူးကိုပွတ်လိုက်သည်။ ထို့နောက် ရုတ်တရက် သူထပ်မံအိပ်ငိုက်လာသည်။ သူ့ခန္ဓာကိုယ်က တဖြေးဖြေး သက်တောင့်သက်သာဖြစ်လာပြီးနောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားသည်။
********
ကျယ်ယန်သည် ကုမ္ပဏီသို့သွားရာလမ်းတွင် ထုံးစံအတိုင်း weibo ကြည့်နေသည်။
မနေ့ကအင်တာဗျူးဗီဒီယိုသည် ပေါ်ပျူလာဖြစ်နေပြီး #ကျယ်ယန်ခွဲစိတ်ပြုပြင်ထားခြင်း# နှင့် #အတုတွေဝတ်တဲ့ ကျယ်ယန်# ဆိုသည့် သတင်းများပျောက်ကာ #ဒီဇိုင်နာချုပ်များဝတ်သောကျယ်ယန်# ဟူသည့်သတင်းက အစားထိုးသွားသည်။ အင်တာဗျူးဗီဒီယိုအောက်တွင် ဖရဲသီးစားသူ netizen တစ်ယောက်သည် အင်တာဗျူးဗီဒီယိုကို မှန်ဘီလူးဖြင့် အသေးစိတ်ကြည့်ရှုစစ်ဆေးရာ ဒီဇိုင်းစာအုပ်၏ထောင့်နားတွင် 'Y' ဟူသော သေးငယ်သည့် ကနုတ်လက်ရာတစ်ခုကို တွေ့လိုက်ရပြီး ၎င်းကို စိတ်လှုပ်ရှားစွာဖြင့် comment တွင် ဖော်ပြလိုက်လေသည်။ ထို့နောက် တစ်စုံတစ်ယောက်သည် စားပွဲအနှံ့ပြန့်ကျဲနေသော ဒီဇိုင်းပုံကြမ်းများအနက် ပုံကြမ်းနှစ်ခု၏ထောင့်နား၌ 'Y' ဟုရေးထိုးထားသည်ကို တွေ့လိုက်သည်။ ပုံကြမ်းတစ်ခုမှာ စာမျက်နှာတစ်ဝက်သာပေါ်နေသော်လည်း ဆွဲထားသောဂျက်ကတ်ဒီဇိုင်းမှာ ကျယ်ယန်ပွဲတစ်ခုတတ်တုန်းက ဝတ်ခဲ့ဖူးသောဝတ်စုံတစ်စုံနှင့် အတိအကျတူနေသည်။

KAMU SEDANG MEMBACA
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasiစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...