Chapter 76
ကျိဇယ့်ဟွေ့ထိတ်လန့်သွားပြီး စက္ကန့်ပိုင်းအတွင်း တုန့်ပြန်လာသည်။
ကျိဇယ့်ဟွေ့: တကယ်ပဲ မုကျိုးယိလား? ဒါမှမဟုတ် မင်း မုကျိုးယိကို ထပ်ပြီးဇာတ်လမ်းဆင်နေတာလား?
ကျယ်ယန်: အဲ့ဒါသူမပဲ။ ပြောသလိုသာလုပ်လိုက်ပါ။
ကျယ်ယန်သည် ကျိဇယ့်ဟွေ့နှင့် စကားပြောပြီးသွားသောအခါ အချိန်ကိုကြည့်လိုက်တော့ ၈နာရီခွဲပြီဖြစ်သည်။ ညစာစားပြီးနောက် ချိုးရှင်းသည် ဟယ်ကျွင်းနှင့် အလုပ်ကိစ္စအကြောင်း ထပ်မံပြောနေခဲ့သည်။ သူ အခန်းထဲပြန်လာဖို့ အချိန်ခဏကြာဦးမယ်ဟု ခန့်မှန်းလိုက်သည်။ သူ ဖုန်းချလိုက်ပြီး ရေချိုးရန်ထလိုက်သည်။
၉နာရီခွဲတွင် တံခါးသည် နောက်ဆုံးတော့ တွန်းဖွင့်ခံလိုက်ရသည်။ ကျယ်ယန်မော့ကြည့်လိုက်သည်။
ချိုးရှင်းသည် ဖုန်းကိုင်ကာဝင်လာသည်။ သူကျယ်ယန်ကို ဘာမှမပြောဘဲကြည့်လိုက်သည်။ သူ ဗီရိုနားသို့သွားကာ သူ့ညဝတ်အင်္ကျီကိုထုတ်ကာ ရေချိုးခန်းတွင် သွားထားလိုက်သည်။ ထို့နောက် သူအပြင်ဘက်သို့ထပ်ထွက်လာကာ အိပ်ယာနားတွင် ရပ်လိုက်သည်။
ကျယ်ယန်သည် အိပ်ယာတွင်မှီနေရာမှ ချိုးရှင်းအား မော့ကြည့်လိုက်ပြီးမေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"
ချိုးရှင်း၏အမူအရာသည် အလွန်လေးနက်နေသည်။ သူသည် ကျယ်ယန်အား စက္ကန့်အနည်းငယ် ကြည့်နေခဲ့ပြီး လက်လှမ်းကာ ကျယ်ယန့်ဆံပင်အားထိလိုက်သည်။ "မင်း တုံးအ သွားလည်း ကိစ္စမရှိဘူး။"
ကျယ်ယန် မျက်ခုံးပင့်လိုက်ပြီး မတ်မတ်ထိုင်လိုက်သည်။ ချိုးရှင်းသည် ကျယ်ယန်၏ဘေးတွင် ဝပ်တွားထိုင်ချလိုက်သည်။ ကျယ်ယန်သည် ချိုးရှင်းကို ထပ်မံငုံ့ကြည့်လိုက်သည်။
ချိုးရှင်းသည် ကျယ်ယန်ကိုမကြည့်ဘဲ မျက်လွှာချထားပြီး လက်ဆန့်ထုတ်လိုက်သည်။ ထို့နောက် သူပြန်ရုတ်သွားလိုက်၊ ထပ်မံဆန့်ထုတ်လိုက်လုပ်နေခဲ့ပြီး နောက်ဆုံးတွင် စောင်ပေါ်တွင်ရှိနေသော ကျယ်ယန်၏လက်ကို အပြည့်အဝဆုပ်ကိုင်လိုက်သည်။ ကျယ်ယန်သည် မလှုပ်ဘဲ ချိုးရှင်းအား ကိုင်ထားခွင့်ပြုလိုက်သည်။
ANDA SEDANG MEMBACA
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasiစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...
