Chapter 77

2.2K 354 0
                                        

Chapter 77

ကျယ်ယန် ပါးစပ်ပိတ်လိုက်ကာ ချိုးရှင်းအတွက် လူသားဖက်ခေါင်းအုံးအဖြစ် ငြိမ်သက်စွာ ပြုမူပေးလိုက်ပြီး weibo page ကိုဆက်၍ refresh လုပ်နေခဲ့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် weibo သည် နောက်ဆုံးတော့ တုန့်ပြန်လာသည်။ hot search list သည် ထစ် မနေတော့ပေ။ ကျယ်ယန်ကျေနပ်သွားပြီး ဖရဲသီးစားရန်ပြင်လိုက်သည်။ ရုတ်တရက် သူ့ကိုဖက်ထားသောလူသည် အဝေးသို့ရွှေ့သွားသည်။ မရွှေ့သွားခင်၊ ချိုးရှင်းသည် ကျယ်ယန်အား အရုပ်တစ်ရုပ်ကဲ့သို့ ဆွဲဆန့်ပေးလိုက်သည်။ ထို့နောက် သူသည် ကျယ်ယန်နှင့် အနည်းဆုံးတစ်မီတာအကွာအဝေးတွင်ထိုင်လိုက်ပြီး စားပွဲပေါ်မှရေခွက်ကို ကောက်ယူကာသောက်လိုက်သည်။

"............."

ကျယ်ယန်သည် ဧည့်ခန်းငယ်လေးမှ ထွက်လာသော ဖုန်ချင်းလင်ကိုကြည့်ကာ ချိုးရှင်းအားပြောလိုက်သည်။ "အဲ့ရေခွက်က ကျွန်တော့်ဟာ"

"........ အဟွတ်" ချိုးရှင်း ရေသီးလုနီးပါးဖြစ်သွားသည်။ သူကျယ်ယန်ကို သတိပေးသည့်အမူအရာဖြင့်ကြည့်လိုက်သည်။ ထို့နောက် ဖုန်ချင်းလင်အား မေးလိုက်သည်။ "မင်းဘာလို့ အပြင်ထွက်လာတာလဲ? မင်းအဖွားဘယ်မှာလဲ?"

ဖုန်ချင်းလင်၏မျက်လုံးများအနည်းငယ်နီနေသည်။ သူငိုထားတာဖြစ်ရမည်။ ဒီတစ်ခါတော့ သူ့မျက်ခုံးများတင်းတင်းကြုတ်ထားပြီး သူ့အသံသည် အနည်းငယ် အားကိုးရာမဲ့နေသည်။ "ဦးလေး၊ အဖွားက တစ်ခုခုဖြစ်နေတာလား? သူ(မ)ခုနကပဲ ဦးလေးနာမည်ခေါ်လာတယ်။"

ချိုးရှင်း မျက်နှာပျက်သွားသည်။ သူရေခွက်ကိုမြန်မြန်ချကာ ထရပ်ပြီး ဧည့်ခန်းငယ်ဆီသို့လျှောက်သွားသည်။

ကျယ်ယန်လည်း ထရပ်ကာ နောက်မှလိုက်သွားသည်။

ဧည့်ခန်းငယ်လေးထဲတွင် မားမားချိုးသည် စိတ်ဖောက်ကာရေရွတ်နေသည်။ သူမမျက်လုံးများသည် လေထဲသို့ငေးကြည့်နေပြီး ဦးတည်ချက်မရှိဖြစ်နေသည်။ ချိုးရှင်း ခပ်သွက်သွက်လှမ်းသွားပြီး သူ့အမေ၏လက်ကိုဆုပ်ကိုင်လိုက်သည်။ သူခေါင်းငုံ့ကာ မားမားချိုး၏မျက်လုံးများကို ကြည့်လိုက်ပြီး နွေးထွေးစွာပြောလိုက်သည်။ "အမေ၊ ကျွန်တော် ဒီမှာလေ။ အမေဘာပြောချင်လို့လဲ?"

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)حيث تعيش القصص. اكتشف الآن