Chapter 99

2.3K 405 11
                                        

Chapter 99

သူတို့ ဟိုတယ်ကိုပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ခယ့်လန်နဲ့ ရွှီချန်ဟောင်တို့ ရောက်လာကြသည်။ ဒီကာလအတွင်း လူတိုင်းအလုပ်များနေခဲ့ကြပြီး သူတို့ အတူမဆုံခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ သူတို့ဆုံသည်နှင့် စကားပြောမကုန်ဖြစ်နေကြသည်။ သိသိသာသာကိုပင် ကျိဇယ့်ဟွေ့သည် IUD member တစ်ယောက် မဟုတ်သလို ရွှီချန်ဟောင်သာမက အခြားအဖွဲ့ဝင်များနှင့်လည်း မရင်းနှီးသော်လည်း လူတိုင်းနှင့် အမှန်တကယ်ပင်စကားလက်ဆုံပြောဆိုနိုင်လေသည်။ သူ့ပုံစံက ထွက်မသွားချင်သည့်ပုံပင်။

ကျယ်ယန်သည် သူတို့အား စိတ်ကြိုက်သောင်းကျန်းခွင့်​ပေးကာ ဟိုတယ်မန်နေဂျာကိုခေါ်၍ မည်သည့် waiter ကိုမျှ ဤနေရာသို့ မလာရန်နှင့် မည်သူ့ကိုမျှ လာရောက်နှောက်ယှက်ခြင်းမဖြစ်စေရန် ပြောလိုက်သည်။ ထို့နောက် သူ့အခန်းသို့ပြန်သွားသည်။ လူတိုင်း ၁၁နာရီအထိ စကားလက်ဆုံကြနေခဲ့ပြီး ချင်းချန်က သူတို့အား လူစုခွဲရန်လာရောက်ပြောမှသာ လူကွဲသွားကြသည်။

နောက်တစ်နေ့ ကျယ်ယန်သည် စောစောထကာ နေ့လည်ဘက် ဆုပေးပွဲအခမ်းအနားအတွက် ပြင်ဆင်လေသည်။ 

စားပွဲထိုးသည် မနက်စာကိုသယ်ဆောင်ကာ ဟိုတယ်မန်နေဂျာနောက်မှ လိုက်လာသည်။ မန်နေဂျာက ကျယ်ယန်အားပြောလိုက်သည်။ "မနေ့ညတုန်းက ကျိုးဇိပင်းလို့ခေါ်တဲ့အမျိုးသားတစ်ယောက် လူကြီးမင်းကို လာရှာပြီး ဒီအထပ်ကို ဝင်ဖို့လုပ်တော့ ကျွန်တော်တို့ သူ့ကို တားခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို လူကြီးမင်းရဲ့မှာကြားချက်အတိုင်း သူငယ်ချင်းတွေနဲ့ဆုံနေလို့ မနှောက်ယှက်ဖို့ပြောထားတယ်ဆိုပြီး ပြောလိုက်ပါတယ်။ သူ့ကိုယ်စား ကျွန်တော်တို့ကို အမှာစကားထားခဲ့ဖို့ပြောတော့ သူ ငြင်းပယ်ပြီး ဟိုတယ်က ပြန်ထွက်သွားခဲ့ပါတယ်။"

ကျယ်ယန် အံ့အားသင့်သွားသည်။ ကျိုးဇိပင်းက တကယ်ကြီး ဟိုတယ်ကို ရှာနိုင်ခဲ့တယ်လား? သူ ဘယ်ဟိုတယ်၊ ဘယ်အထပ်မှာ တည်းနေတယ်ဆိုတာ ဘယ်လိုများသိသွားတာလဲ?

ချင်းချန်သည် ယခုတင်ရောက်လာပြီး ဟိုတယ်မန်နေဂျာ၏စကားကိုကြားသောအခါ မျက်မှောင်ကြုတ်သွားကာ ကျယ်ယန်အားမေးလိုက်သည်။ "ဘာအခြေအနေတွေလဲ?"

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Dove le storie prendono vita. Scoprilo ora