Chapter 80
ချိုးရှင်း၏အကြီးဆုံးဦးလေး လျှိုကျန်းသည် မားမားချိုး၏ဘေးတွင် နေရာယူလိုက်ပြီး သူမ၏ကျန်းမာရေးနှင့်ပတ်သက်ပြီး အရေးတယူမေးမြန်းနေသည်။ ချိုးရှင်း၏ဦးလေးငယ် လျှိုကျူသည် ဘေးတွင် တိတ်တိတ်လေး ရပ်နေပြီး ရံဖန်ရံခါ အခေါ်ခံရမှသာ စကားအနည်းငယ်ဝင်ပြောလေသည်။
သူတို့နှစ်ယောက်ခေါ်ဆောင်လာသော သားသမီးနှင့် မြေးငယ်များသည် နေရာအနှံ့ရှိနေသည်။ အရွယ်ရောက်သူများစကားပြောနေကြစဉ် ကလေးများမှာ ပြေးလွှားဆော့ကစားနေကြသည်။ ပထမဆုံးအကြည့်မှာပင် နွေဦးပွဲတော်တွင် ပြန်လည်ဆုံစည်းကြသည့် နွေးထွေးပျော်ရွှင်ဖွယ် မိသားစုတစ်ခုပင်ဖြစ်နေသည်။
မားမားချိုးသည် သူမ၏မိသားစုဝင်များကို မတွေ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သူမ၏အစ်ကိုနှင့် မောင်ငယ်၏မိသားစုများ လာရောက်ကြသောအခါ သူမ၏မျက်ဝန်းများတွင် ပျော်ရွှင်မှုများဖြင့်ပြည့်နေပြီး စကားအနည်းငယ်ပိုပြောလာသည်။
ကျယ်ယန်သည် ချိုးရှင်းအား လက်ဖက်ရည်ထည့်ပေးလိုက်သောအခါတွင် လျှိုကျန်းသည် သက်ပြင်းချလိုက်သည်။
"အခုတလော စီးပွားရေးကသိပ်အဆင်မပြေဘူး။ တကယ်တော့ အိမ်မှာ…….. အိုင်း.. ထားလိုက်ပါ။ ပြောပြလည်း မင်းကိုစိတ်မကောင်းပဲဖြစ်စေရုံပဲရှိမှာ။ မင်းစိတ်အေးအေးချမ်းချမ်းနေပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်သင့်တယ်။ ငါ မင်းကို ရှစ်ရွှမ်းရဲ့မင်္ဂလာအရက်သောက်ဖို့စောင့်နေမယ်နော်။"
မားမားချိုးသည် အနည်းငယ်အံ့သြသွားပြီး ဖုန်းထိုင်ဆော့နေသော လျှိုရှစ်ရွှမ်းကို လှမ်းကြည့်လိုက်ကာ လျှိုကျန်းကိုမေးလိုက်သည်။ "ရှစ်ရွှမ်းကလက်ထပ်တော့မှာလား? ဘယ်အိမ်ကကလေးနဲ့လဲ?"
လျှိုကျန်းက မားမားချိုးကိုထောက်ပြဖို့ကြိုးစားလိုက်သည်။ "ဘယ်အိမ်ရဲ့ကလေးရယ်လို့မရှိပါဘူး။ ငါကသူ့ကို မငယ်တော့ဘူး၊ လက်တွဲဖော်တစ်ယောက်လောက်ရှာသင့်ပြီလို့ပြောနေတာ။ သူ့ကိုအသုံးမကျလို့လည်း အပြစ်တင်ရမယ်။ စီးပွားရေးစလုပ်လာတာ ဒီလောက်နှစ်တွေကြာလာတာတောင် မတိုးတတ်လာဘူး။ ငါသူ့ကို ဓာတ်ပုံအချို့ပြပြီးကြိုးစားခဲ့ပေမယ့် တစ်ဖက်သူက သူ့အလုပ်အကိုင်ကြောင့် စိတ်ပျက်သွားခဲ့တယ်။ လတ်တလော အိမ်ကအခြေအနေတွေကလည်း သူ့ကိုအကူအညီမဖြစ်စေဘူးလေ။ အိုင်း..."

ESTÁS LEYENDO
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasíaစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...