Chapter 98
သိပ်မကြာခင်မှာပဲ ကျိဇယ့်ဟွေ့နဲ့ ထုံကျန်းတို့ ဟိုတယ်ကို အတူရောက်လာသည်။ သုံးယောက်သား အောက်ဆင်းလာကာ ဟိုတယ်က ပံ့ပိုးပေးသော ဇိမ်ခံကားအရှည်ကြီးပေါ်တတ်၍ ညစာစားပွဲရှိရာသို့ ထွက်လာခဲ့ကြသည်။
ထုံကျန်းသည် သူ့ဖင်အောက်က နူးညံ့သောထိုင်ခုံကို ထိကာ အံ့အားသင့်စွာဖြင့် "ဒီဟိုတယ်က အရမ်းမိုက်တာပဲ။ ဒီလိုကားမျိုးကိုတောင် ပံ့ပိုးပေးတယ်။ ငါ တခြားဟိုတယ်ရဲ့ presidential suite မှာတည်းတုန်းက car service ကိုသုံးဖူးတယ်။ ဒါပေမယ့် ဒီလိုကောင်းတာမျိုး တစ်ခါမှ မကြုံဖူးဘူး။ စီးလို့အရမ်းကောင်းပဲ။"
ကျယ်ယန်က ပြုံးရုံသာပြုံးပြီး ဘာမှမပြောခဲ့ပေ။
ကျယ်ယန်၏နောက်ခံကိုသိသော ကျိဇယ့်ဟွေ့သည် ရူးတူးတူးထုံကျန်းကို စာနာစွာကြည့်လိုက်ပြီး သူ့ကိုယ်သူ 'ဧကရာဇ်ရဲ့လူယုံတော်' တစ်ယောက်ဟု ထူးထူးခြားခြား ခံစားလိုက်ရသည်။ "ထုံကျန်း၊ မင်းမသိပါဘူး။ ဒီဟိုတယ်ရဲ့ presidential suite မှာ တည်းတဲ့သူတိုင်း ဒီလိုဇိမ်ခံကားဝန်ဆောင်မှုမျိုးရတာမဟုတ်ဘူး။" သူဌေးကတော်တစ်ယောက်တည်းကိုပဲ ဝန်ဆောင်မှုပေးတာကွ။
ထုံကျန်းက ကျိဇယ့်ဟွေ့အား နားမလည်သည့်အမူအရာဖြင့် ကြည့်ကာမေးလိုက်သည်။ "အာ? ဘာလို့လဲ?"
"ဘာလို့လဲဆိုတော့ ဟိုတယ်က အခုမှ ကားအသစ်တစ်စီး ရောက်လာတာမလို့ပေါ့။" ကျယ်ယန်က ကိုယ်စားပြန်ဖြေပေးလိုက်သည်။ သူ ကျိဇယ့်ဟွေ့အား သတိပေးသည့်အကြည့်တစ်ချက်ပေးလိုက်ပြီး ထုံကျန်းအားမေးလိုက်သည်။ "ချန်ဟောင်နဲ့ ခယ့်လန်ရော ဒီမှာပဲလား?"
IUD အဖွဲ့သစ်သည် ဆုများစွာအတွက် လျာထားခံထားရသည်။ ရွှီချန်ဟောင်နှင့် ခယ့်လန်တို့သည်လည်း IUD အဖွဲ့သစ်၏ member များဖြစ်ပြီး ပွဲအခမ်းအနားဖိတ်စာကိုလည်း ရထားကြသည်။
ထုံကျန်းသည် ချက်ချင်းပင် အာရုံပြောင်းသွားပြီး "လန်ကောက ရိုက်ကူးရေးအလုပ်တွေနဲ့ မအားလပ်လို့ မနက်ဖြန်ပွဲကျမှပဲ တတ်တော့မယ်တဲ့။ ချန်ဟောင်ကောကကျတော့ နဂိုတည်းက ဒီလိုပွဲမျိုးတွေမကြိုက်တဲ့သူမို့ မနက်ဖြန်ပွဲကျမှ တတ်ဖို့စီစဉ်ထားတယ်။ သူတို့နှစ်ယောက်လုံး ဒီညလေယာဉ်နဲ့ လာကြလိမ့်မယ်။"
YOU ARE READING
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasyစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...
