Chapter 110

1.7K 225 17
                                    

Chapter 110

ကျယ်ယန်သည် ကောင်းရွှမ်းဟန်၊ အခြားသူများနှင့်အတူ ‘ငါရွှမ်းယွမ်ကိုတွေ့တယ်’ ဇာတ်ကား၏ ပထမဆုံးအကြိမ် ဖွင့်ပွဲမီဒီယာအား လက်ခံရန်  ပြင်ဆင်နေရင်း ချိုးရှင်း၏ weibo ကို စစ်လိုက်သည်။ သူ ချိုးရှင်း၏ like များကိုကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် weibo မှ ထွက်ကာ ချိုးရှင်းအား ဖုန်းခေါ်လိုက်သည်။ (TN- ရုပ်ရှင်ကားတွေ စတင်ပြသတဲ့အခါ မီဒီယာတွေခေါ်ပြီး ဖွင့်ပွဲအင်တာဗျူးလုပ်တာမျိုးကိုပြောတာ။)

ဖုန်းကို စက္ကန့်ပိုင်းအတွင်း ပြန်ဖြေလာသည်။

“လေယာဉ်ပေါ်က ဆင်းပြီလား?”

“အနားယူ​ပြီးပြီလား?”

နှစ်ယောက်သား တစ်ချိန်တည်းနီးပါး စကားပြောလိုက်ကြသည်။ ကျယ်ယန်က ကြည်နူးသွားကာ စက္ကန့်အနည်းငယ်လောက် စောင့်လိုက်သည်။ ထို့နောက် ချိုးရှင်း အရင်စကားမပြောလာသဖြင့် သူအရင် ပြန်​​ဖြေ​လိုက်သည်။ “ဒီနေ့ မီဒီယာဖွင့်ပွဲတစ်ခုရှိတယ်လေ။ အဲ့ဒါကြောင့် အေးအေးဆေးဆေးပါပဲ။”

“ကိုယ် လေယာဉ်ပေါ်က ဆင်းပြီးပြီ။”

ထို့နောက် တစ်ဖန် နှစ်ယောက်သား တစ်ပြိုင်တည်း ပြောမိလိုက်ကြပြန်သည်။

မီဒီယာများရောက်လာသဖြင့် ကောင်းရွှမ်းဟန်က ကျယ်ယန်အား မြန်မြန်လုပ်ရန် လှမ်းခေါ်လိုက်သည်။ 

ကျယ်ယန်က စကားစကို အတိုချုံးကာ “ဒီလကုသမှုအချိန် သတ်မှတ်ပြီးရင် ကျွန်တော့်ကို ကြိုပြောဦး။ ကျွန်တော် နည်းလမ်းရှာပြီး အမြန်ပြန်လာခဲ့မယ်။ အိမ်ပြန်ရောက်တာနဲ့ အချိန်ကွာခြားမှုကို ပြန်ညှိဖို့ဂရုစိုက်ဦး။ weibo ကို ကြည့်မနေနဲ့တော့။”

“အင်း”

“ဒါဆို အရင် ဖုန်းချလိုက်တော့မယ်နော်။ နောက်မှပြောကြတာပေါ့။”

“ကျယ်ယန်”

ကျယ်ယန် ဖုန်းပြန်ကိုင်လိုက်ပြီး ကောင်းရွှမ်းဟန်ထံ လမ်းလျှောက်သွားရင်း မေးလိုက်သည်။ “ဘာဖြစ်လို့လဲ?”

“အိမ်က ငါးတွေက ကိုယ်တို့ကို အရမ်းလွမ်းနေလောက်ပြီ။”

ဖုန်းချသွား၏။

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Where stories live. Discover now