Chapter 101
ကျယ်ယန်သည် ချိုးရှင်းနောက်မှလိုက်ကာ သူ(ချိုးရှင်း)ယူထားသော အခန်းသို့လိုက်သွားသည်။ ရိုက်ကူးရေးအဖွဲ့မှ သရုပ်ဆောင်များအတွက် ငှားထားသောအခန်းများအားလုံးမှာ အထပ်မြင့်ပိုင်းတွင်ဖြစ်ပြီး ချိုးရှင်းယူထားသောအခန်းမှာ အလယ်အလတ်အထပ်ပိုင်းတွင်ဖြစ်သည့်အပြင် အထပ်တစ်ထပ်လုံးရှိ အခန်းအားလုံးကိုလည်း ငှားထားလေသည်။အခန်းသို့သွားရာလမ်းတစ်လျှောက်တွင် ကျယ်ယန်သည် ထသွားထလာဝတ်စုံများဖြင့် အားကောင်းမောင်းသန်လူအများအပြားက hotel lobby နှင့် ဓာတ်လှေကားဝင်ပေါက်တွင် စောင့်ကြပ်နေသည်ကိုတွေ့လိုက်ရသည်။ သူ တစ်ခုခုသဘောပေါက်သွားကာ ချိုးရှင်းအားကြည့်လိုက်ပြီး "ခင်ဗျား သက်တော်စောင့်တွေခေါ်လာတာလား?"
"ဟုတ်တယ်"
"ဘာလို့ခေါ်လာတာလဲ?"
ချိုးရှင်းသည် ကျယ်ယန်လက်ကို အရင်ဆုပ်ကိုင်ကာ "မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ဖို့လေ။ ဒါက ဒီနေရာမှာရှိတဲ့ တစ်ခုတည်းသောဟိုတယ်ပဲ။"
ကျယ်ယန်နားလည်သည်။ ရိုက်ကူးရေးအဖွဲ့က ရိုက်ကူးရန်ဆုံးဖြတ်ထားသောနေရာသည် အလွန်ဝေးလွန်းပြီး အနီးအနားတွင် ဟိုတယ်တစ်ခုသာရှိသည်။ ချိုးရှင်း ဒီကိုရောက်လာပြီးနောက် တည်းစရာနေရာမှာလည်း ဒီတစ်ခုသာရှိသည်။ ရိုက်ကူးရေးအဖွဲ့ရှိသည့်နေရာတွင် ပါပါရာဇီများရှိနိုင်သည်။ ပါပါရာဇီများမရှိလျှင်တောင်မှ ရိုက်ကူးရေးအဖွဲ့တွင် မျက်လုံးများစွာရှိသည်။ တစ်ယောက်ယောက်က ချိုးရှင်းနှင့် သူ့အား မြင်တွေ့သွားပါက မလိုလားအပ်သောအတင်းအဖျင်းများ ပေါ်ထွက်လာနိုင်သည်။ တကယ်တော့ ကျယ်ယန်သည် ချိုးရှင်းနှင့် သူ၏ဆက်ဆံရေးကို အပြင်လူများသိသွားမည်ကို ဂရုမစိုက်သော်လည်း ချိုးရှင်းကမူ သူဂရုစိုက်သည်ဟုထင်ကာ အလေးထားပြုမူခဲ့သည်။
ခြုံပြောရလျှင် ချိုးရှင်းသည် ဤနေရာသို့ အပြေးရောက်လာကာ နောက်လိုက်သက်တော်စောင့်များစီစဉ်ထားပြီး ကျယ်ယန်အား နောက်ကျသည်အထိစောင့်နေခဲ့သည်။ ချိုးရှင်းသည် ကျယ်ယန်၏ဆန္ဒပြည့်စေရန် ကြိုးကြိုးစားစားလုပ်ဆောင်ကာ သူ့(ကျယ်ယန်)အား ပြဿနာမဖြစ်စေရန်အတွက်လည်း ဂရုစိုက်ခဲ့သည်။
![](https://img.wattpad.com/cover/335104708-288-k49769.jpg)
YOU ARE READING
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasyစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...