Chapter 102

2.4K 413 12
                                        

Chapter 102

အလုပ်ပြီးလို့ ဟိုတယ်ပြန်လာရာလမ်းတွင် ကျယ်ယန်သည် weibo ကို စစ်ဆေးနေသည်။ သေချာတာပေါ့၊ hot search ပေါ်တွင် ကဲကျိုး၏နာမည်နှင့် topic နှစ်ခုရှိနေသည်- #သိုသိုသိပ်သိပ်နေထိုင်သော ကဲကျိုး# နှင့် #ကဲကျိုး၏ မေးခွန်းအပေါ်တုံ့ပြန်မှုများ#

ပထမ topic ကို နှိပ်လိုက်ရာ သူ(ကဲကျိုး) ဆုမရခင်က ​ဖြေထားသော အင်တာဗျူးဗီဒီယိုကို တွေ့ရသည်။ ဗီဒီယိုခေါင်းစဉ်မှာ- 'ကဲကျိုး၏ သီးသန့်တကိုယ်​တော်ဘဝကို စူးစမ်းဖော်ထုတ်ခြင်း’။ ကျယ်ယန် နားကြပ်ထုတ်တပ်လိုက်ပြီး ဗီဒီယိုကိုဖွင့်လိုက်သည်။

အင်တာဗျူးသည် ကဲကျိုး၏အိမ်တွင် ပြုလုပ်ခြင်းဖြစ်ပြီး Zen style (ရိုးရိုးရှင်းရှင်း) ပုံစံ အလှဆင်ထားသည့် အခန်းတစ်ခန်းတွင်ဖြစ်၍ ကဲကျိုးနှင့် သတင်းထောက်တို့သည် Tatami (ဂျပန်ဖျာတစ်မျိုး) ဖျာပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေသည်။ ၎င်းတို့ကြားတွင် သစ်သားစားပွဲပုလေးတစ်လုံးရှိနေပြီး ကဲကျိုးသည် ရိုးရှင်းထည်ဝါသော tea set တစ်စုံဖြင့် သတင်းထောက်နှင့် သူ့ကိုယ်သူအတွက် လက်ဖက်ရည် ပြုလုပ်ပေးနေသည်။ 

လက်ဖက်ရည်ပြုလုပ်ပြီးနောက် ကဲကျိုးသည် အင်တာဗျူးတစ်ခုလုံးအား စာကြောင်းတစ်ကြောင်းတည်းဖြင့် ​စတင်လိုက်လေသည်။ “ဆိတ်ငြိမ်အေးချမ်းမှုမရှိဘူးဆိုရင် လက်ရာကောင်းတွေလည်း ဖန်တီးနိုင်မှာမဟုတ်ဘူး​လေ။”

ကဲကျိုးနှင့် သတင်းထောက်တို့အကြား ထိုအကြောင်းအရာ၊ အထူးသဖြင့် ‘ဆိတ်ငြိမ်အေးချမ်းမှု’ ဟူသောစကားနှင့်ပတ်သက်ပြီး စကားဝိုင်းတစ်ခု ရှိလာသည်။ စကားစမည်ပြောဆိုနေစဉ်အတွင်း ကဲကျိုးသည် သတင်းထောက်အား သဘာဝအတိုင်းအလှဆင်တည်ဆောက်ထားသော သူ၏အိမ်အား အလည်အပတ်လိုက်ပြခဲ့သည်။ သူသည် အိမ်အပြင်ဘက်ရှိ ဝါးတောနှင့် အဝေးရှိတောင်တန်းများအားပြသရင်း ဝါးတောထဲတွင် သတင်းထောက်အတွက် စန္ဒယားတစ်ပုဒ်တီးခတ်ဖျော်ဖြေပေးခဲ့သည်။  

လေပြေလေညှင်းများတိုက်ခတ်ကာ ဝါးရွက်လေးများလည်း ယိမ်းနွဲ့လှုပ်ရှားနေပြီး နေဝင်ဆည်းဆာ၏တောက်ပမှုအောင်တွင် ကဲကျိုးသည် မျက်ဝန်းများမှိတ်ထားပြီး ဆံနွယ်များပျံ့လွင့်နေသည်ကာ……. ကိုယ်ပိုင် filter များဖြင့် လှပသော သံစဉ်အနုပညာဗီဒီယိုတစ်ခု ပေါ်ထွက်လာသည်။ 

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Место, где живут истории. Откройте их для себя