Chapter 94
weibo တွင် ပို့စ်တင်ပြီးနောက် ချင်းချန်၏ အသံသည် တစ်ခုခုကြောင့် ဆို့နင့်နေသလို ဖုန်းတစ်ဖက်မှထွက်ပေါ်လာပြီး ခဏကြာချောင်းဆိုးနေခဲ့ပြီးနောက် အသံအနည်းငယ်ကျယ်လာကာ "မင်း………. come out လုပ်တော့မလို့လား?"
"အနှေးနဲ့အမြန် ကျွန်တော်က come out လုပ်ရမှာပဲလေ" ကျယ်ယန်သည် weibo ကို refresh လုပ်ကာ မှတ်ချက်ဧရိယာကို ဝင်ကြည့်လိုက်သည်။ အောက်ဘက်ရှိ မေးခွန်းသင်္ကေတများနှင့် အာမေဋိတ်အမှတ်အသားများကို မြင်ပြီး သူပြုံးကာ "အကို ကျန်တာ ဆက်ဖြေရှင်းလိုက်တော့။ လောလောဆယ် ချိုးရှင်းရဲ့တည်ရှိမှုကို မပေါက်ကြားစေနဲ့ဦး။"
ချင်းချန်သည် လျင်မြန်စွာငြိမ်သက်သွားပြီး ဖုန်းချရန်ပြင်လိုက်သည်။
"ခနလေး"
"ဘာဖြစ်လို့လဲ?"
ကျယ်ယန်: "ဟုန်ကျီကျယ်နဲ့ မုကျိုးယိတို့ တစ်အိမ်ရာထဲအတူနေတဲ့သတင်းနဲ့ သူတို့ 'အချစ်ရေး' သတင်းကိုတင်ဖို့ မီဒီယာတစ်ခုရှာပေးပါ။ ဒါနဲ့စကားမစပ်၊ လက်ထောက်ဒါရိုက်တာယန်ကိုလည်း မေးကြည့်လိုက်ပါဦး။ တကယ်လို့ သူ(မ)သဘောတူတယ်ဆိုရင် ဟုန်ကျီကျယ်ရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ မုကျိုးယိကို သူ့အပျော်မယားအဖြစ်ထားတဲ့သတင်းကို လူထုသိအောင်ဖြန့်လိုက်ပါ။ သူတို့က ကျွန်တော့်ရဲ့ 'ချစ်မှုရေးရာ'ကို ဖော်ထုတ်မှတော့ ကျွန်တော်လည်း သူတို့ကို လက်ဆောင်ပြန်မပေးရရင် ဘယ်စိတ်ကောင်းပါ့မလဲ။"
ချင်းချန်၏အသံထဲတွင် ရယ်သံအနည်းငယ်ပါနေပြီး "မင်းရဲ့စိတ်ကြီးချက်ကတော့လေ…….. ကောင်းပြီ။ ငါလုပ်လိုက်မယ်။"
ချင်းချန်ဖုန်းချလိုက်ပြီးနောက် ချိုးရှင်း၏ဖုန်းဝင်လာသည်။
ကျယ်ယန် ဖုန်းကိုင်ကာ သူမပြောခင် ကြိုပြောလိုက်သည်။ "ကောင်းသောမနက်ခင်းပါ ကြွက်ထီးကြီး။"
".........."
စက္ကန့်အနည်းငယ်ကြာအောင်တိတ်ဆိတ်နေပြီးနောက် ချိုးရှင်း၏ အတင်းလုပ်ယူထားသည့်တည်ငြိမ်သံထွက်လာသည်။ "ပေါက်ကရတွေထပ်ပြောပြန်ပြီ။ မင်း…….. မင်းရဲ့ဖန်တွေ လျော့သွားပြီ။"

YOU ARE READING
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasyစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...