Chapter 96

1.9K 348 2
                                    

Chapter 96

စွမ်းအားများ သူ့ကိုယ်ထဲဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ကုသမှုကြောင့်ဖြစ်သောမသက်မသာ​ဖြစ်မှုများ လျော့ပါးသွားသည်။ နှုတ်ခမ်းကိုအကိုက်ခံလိုက်ရသည့်ခံစားချက်သည် အလွန်စစ်မှန်လွန်းသည်။ ချိုးရှင်း၏အမူအရာ တဖြည်းဖြည်း ပြောင်းလဲသွား၏။ သူ ဖြေးဖြေးချင်းထလိုက်ပြီး ကျယ်ယန်ကို မျက်မှောင်ကြုတ်လျက်ကြည့်လိုက်သည်။ 

ကျယ်ယန်က ပြုံးကာ ချိုးရှင်း၏နားရွက်များကိုထိလိုက်သည်။

"............ လျှောက်လုပ်ပြန်ပြီ!" ချိုးရှင်းက အသိပြန်ဝင်လာသည်။ သူ ကျယ်ယန်၏လက်ကို တင်းတင်းဆုပ်ကိုင်ကာ တည်ငြိမ်သောမျက်နှာထားဖြင့် "ဘယ်အချိန်တုန်းက ပြန်လာတာလဲ?"

"ခင်ဗျား ကျွန်တော့်နောက်ကွယ်မှာ ဘာလို့ လျှို့ဝှက်​ပြီး ကုသမှုခံယူနေတာလဲဆိုတာ အရင်ပြောပြ။"

"ဘာကို လျှို့ဝှက်ထား………." ချိုးရှင်းသည် တစ်ဝက်တပျက်နှင့်ရပ်လိုက်ပြီး ကျယ်ယန်၏လက်ကို ညှစ်လိုက်သည်။ သူ မတ်တပ်ရပ်ကာ ကျယ်ယန်အား ကုတင်ပေါ်တွင်ထိုင်စေပြီး ရှင်းပြလိုက်သည်။ "လျှို့ဝှက်ထားတာမဟုတ်ပါဘူး။ ကုသပြီးမှ ပြောပြမလို့ပါ။ မင်း ဘာလို့ ရုတ်တရက် ပြန်လာတာလဲ? ရိုက်ကူးရေးပြီးသွားပြီလား?"

ကျယ်ယန်သည် ချိုးရှင်း၏ ဖျော့တော့သောမျက်နှာကိုမြင်ပြီး ချိုးရှင်း၏ရှင်းပြချက်ကို အင်တင်တင်ဖြင့် လက်ခံလိုက်သည်။ ရက်အနည်းငယ်လောက် ဆုပေးပွဲတတ်ဖို့ ခွင့်ယူထားခြင်းဖြစ်ကြောင်း သူ ချိုးရှင်းအား ပြောပြခဲ့သည်။ 

ချိုးရှင်းမျက်မှောင်ထပ်ကြုတ်သွားသည်။ "ဆုပေးပွဲက B city မှာ မဟုတ်ဘူးလား?"

"အဲ့ဒါက W city မှာပါ။ မနက်ဖြန်နေ့လည်လောက် အဲ့ကို လေယာဉ်နဲ့သွားမယ်။ ဆုပေးပွဲတတ်ပြီးသွားရင် ရိုက်ကူးရေးဆက်လုပ်ဖို့ N city ကို တန်းသွားရမယ်။"

ထိုစကားကိုကြားသောအခါ ချိုးရှင်း၏မျက်နှာအမူအရာမဲမှောင်သွားသည်။ ချိုးရှင်းသည် သူ့လက်ကို ကျယ်ယန့်​ခေါင်းပေါ်သို့ အလိုလိုတင်လိုက်​ပြီးနောက် သူ့အမူအရာရုတ်တရက်ပြောင်းသွားသည်။ ချိုးရှင်းသည် သူ့ကိုလွှတ်ကာ ရေးချိုးခန်းသို့ ပြေးဝင်သွားသည်။ 

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Donde viven las historias. Descúbrelo ahora