Chapter 63

568 80 0
                                    

Chapter 63

နှစ်သစ်အတွက် ဖန်တွေရဲ့ ကြွေးကြော်သံက ကျယ်ယန်၏ weibo post ကို hot list သို့ လျင်မြန်စွာ ရောက်သွားစေသည်။

ရုန်တင်းတွင်

ချိုးရှင်းသည် ဓာတ်ပုံကို ပိတ်လိုက် ဖွင့်လိုက်ဖြင့် ထပ်တလဲလဲ လုပ်ဆောင်နေသည်။ သူ့မျက်လုံးများက မှေးစဉ်းနေပြီး ကွန်ပျူတာစခရင်မ်ကို ကြည့်နေသလား၊ မကြည့်နေသလားတောင် မသဲကွဲပေ။ သူ့မျက်နှာတွင် ဘာအမူအရာမှ မရှိ။ တံခါးခေါက်သံတစ်ခု ပေါ်ထွက်လာသည်။ ဟယ်ကျွင်းသည် တံခါးကိုတွန်းဖွင့်လိုက်ပြီး "သူဌေး သူတို့ဘက်က အကြောင်းကြားလာပါတယ်။ အစည်းအဝေးက နောက် ၁၅ မိနစ်အတွင်း စပါမယ်ခင်ဗျ"

"ဟယ်ကျွင်း"

ဟယ်ကျွင်းက စားပွဲခုံဆီသို့ လျှောက်လာသည်။ "ဟုတ်ကဲ့ သူဌေး"

"ကျယ်ယန်က ကြည့်ကောင်းလား?"

ဟယ်ကျွင်းက ချိုးရှင်း၏မျက်နှာအားကြည့်လိုက်ရာ မည်သည့်အမူအရာမှ မရှိသောကြောင့် ရိုးသားစွာ ဖြေလိုက်သည်။ "အနုပညာအသိုင်းအဝိုင်းမှာတောင် သူဌေးလေးရဲ့ရုပ်ရည်က ထိပ်တန်းအဆင့်ဝင်ပါတယ်ခင်ဗျ"

"သူတို့က သူကြည့်ကောင်းတယ်လို့ ချီးကျူးနေကြတယ်" ချိုးရှင်းက ဆွယ်တာအဖြူဝတ်ထားသည့် ချောမောလှပသိမ်မွေ့နေသော အမျိုးသားငယ်လေး၏ ဓာတ်ပုံအားကြည့်ကာ "အသက် ၂၀၊ အရွယ်ကောင်းလေးပဲ…… မင်းပြောကြည့်၊ နောက် ၉နှစ်ဆို သူဘယ်လိုပုံဖြစ်နေမလဲ? ဟိုဘက်ခြမ်းက ယန်ရှင်းလေးက သူ့ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်ပါ့မလား?"

"သူဌေး၊ နောင်၉နှစ်မှာ သူဌေးလေး ဘာဖြစ်မလဲဆိုတာ သူဌေးကိုယ်တိုင် စောင့်ကြည့်လို့ ရတာပဲလေ"

သူ့မျက်လုံးနဲ့ကြည့်ရမယ်

ချိုးရှင်းနှုတ်ခမ်းကော့ညွတ်သွားသည်။ သူဓာတ်ပုံကို ပြန်ပိတ်လိုက်ပြီး weibo post အောက်ရှိ comment ကို နှိပ်ကြည့်လိုက်သည်။ 

ထိပ်ဆုံး comment: ကျယ်ယန်ကို တစ်ခြားတစ်ယောက်ယောက်နဲ့ သက်ဆိုင်သွားမယ်လို့ တွေးမိလိုက်တိုင်း ငါ့နှလုံးသားတွေ နာကျင်ရလွန်းလို့ အသက်တောင်မရှူနိုင်တော့ဘူး။

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Where stories live. Discover now