Chapter 69

529 86 10
                                    

Chapter 69

ကျယ်ယန်သည် လှေကားထစ်များပေါ် တက်နေရင်း တိတ်တိတ်လေး ရေတွက်နေသည်။ 

တစ်၊ နှစ်၊ သုံး…….

"ကျယ်ယန်"

ကျယ်ယန့်နှုတ်ခမ်းများကွေးတတ်သွားကာ မြန်မြန်ပင် ထိန်းချုပ်လိုက်သည်။ သူရပ်လိုက်ပြီး ပြန်လှည့်ကြည့်၍ "ကိစ္စရှိလို့လား?"

ချိုးရှင်းက ကျယ်ယန်၏ တည်ငြိမ်နေသောမျက်နှာကိုကြည့်ကာ မေးလိုက်ချင်သည်။ 'ဒီနေ့ မင်းဘာလို့ ငါ့လက်ကို မကိုင်တော့တာလဲ?' ဟူသော စကားများက သူ့လည်ချောင်းထဲတွင် လှည့်ပတ်နေသည်။ သူပြောမထွက်ဘူး။ နောက်ဆုံးတော့ ဝါကျတစ်ကြောင်း ဖျစ်ညှစ်ထွက်ပေါ်လာသည်။ "ဘာမှမဟုတ်တော့ဘူး" ထို့နောက် သူ့စာကြည့်ခန်းသို့ ခပ်သွက်သွက်လျှောက်သွားကာ တံခါးကို ခပ်ကြမ်းကြမ်းပိတ်လိုက်သည်။ 

ကျယ်ယန်ပြုံးကာ အပေါ်ထပ်သို့ တက်သွားသည်။

ည ၁၀ နာရီတွင် ချိုးရှင်းက သူ့ဆံပင်ကို သပ်သပ်ရပ်ရပ်ဖီးလိမ်းကာ ဝတ်ရုံကိုဆွဲဆန့်ပြီး တံခါးနှင့်အနီးဆုံးထိုင်ခုံတွင် ထိုင်နေရင်း ကြွက်လေးဝင်လာမှာကို စောင့်နေသည်။ သူသုံးသပ်လိုက်သည်။ အကယ်၍ ကျယ်ယန်က အပေါ်ထပ်တက်နေတုန်း သူ့လက်ကိုလာမကိုင်ခဲ့ဘူးဆိုရင် မအိပ်ခင် သူ့တံခါးကိုလာခေါက်မှာ အသေအချာပင်။ အခုတလော ဒီမကောင်းတဲ့ ကပ်စေးနဲလေးက တစ်နေ့လောက်မှ သူ့လက်ကို မထိရလျှင် မရိုးသားပေ။

၁၀ နာရီထိုးသော် တံခါးခေါက်သံ မကြားရပေ။

ချိုးရှင်းသည် ပုံစံတစ်မျိုးပြောင်းထိုင်လိုက်သည်။

၁၀:၂၀၊ တံခါးလာမခေါက်သေးဘူး။

ချိုးရှင်းသည် မကြာခဏ နာရီကြည့်နေသည်။

"နောက်ကျတဲ့အထိ ထပ်နေနေပြန်ပြီ!"

ချိုးရှင်းတံခါးဖွင့်ကာ တတိယထပ်သို့ ခပ်သွက်သွက်တက်သွားပြီး ကျယ်ယန့်တံခါးကို ခေါက်လိုက်သည်။ အချိန်အတော်ကြာပြီးမှ တံခါးပွင့်လာသည်။ ကျယ်ယန်က အိပ်ချင်မူးတူးမျက်လုံး၊ ရှုပ်ပွနေသောဆံပင်၊ ညဝတ်အင်္ကျီလျော့ရိလျော့ရဲဖြင့်ရပ်နေသည်။ သူမျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ဘာလုပ်မို့လဲ?"

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Tempat cerita menjadi hidup. Temukan sekarang