Chapter 74
ကျယ်ယန်သည် ဘိုးဘွားရိပ်သာသို့ပြန်ရောက်လာချိန်တွင် ချိုးရှင်းကစိတ်ဖောက်နေသောသူ့အမေအားရေတိုက်နေသည်။ ကျယ်ယန်သည် ချိုးရှင်းဘေးတွင်ဝင်ထိုင်ကာ သူ့အတွက်သူ ရေတစ်ခွက်ငှဲ့လိုက်သည်။
ချိုးရှင်းက ရေခွက်ကိုအောက်ချပြီး သူ့အမေပါးစပ်အားသုတ်ပေးနေရင်း မေးလိုက်သည်။ "သူဘယ်မှာလဲ?"
"ကျွန်တော်သူ့ကိုကြိမ်းမောင်း၊ကန်ကျောက်ပြီး မောင်းထုတ်လိုက်တယ်။"
ချိုးရှင်းက ခဏရပ်ကာ ကျယ်ယန်အားစောင်းကြည့်လိုက်သည်။
ကျယ်ယန်၏မျက်လုံးများမှေးကျဉ်းသွားကာ "ဘာလဲ? သည်းမခံနိုင်ဘူးလား?"
ချိုးရှင်းသည် ကျယ်ယန်၏အမူအရာကိုကြည့်ကာ ရုတ်တရက် လက်ဆန့်ထုတ်လိုက်ပြီး ကျယ်ယန်၏မျက်လုံးထောင့်ကိုထိလိုက်သည်။ "မင်း ငါ့ကိုစိတ်မတိုအောင်တားဖို့လုပ်ခဲ့ပြီး မင်းကဘာလို့စိတ်တိုပြီးပြန်လာရတာလဲ? မင်းမလုပ်ချင်ရင်မလုပ်နဲ့လေ။ အရင်ကမင်းရဲ့ထက်မြက်မှုတွေဘယ်ရောက်သွားတာလဲ?"
သူ့မျက်လုံးအစွန်းရှိအရေပြားသည် နွေးထွေးသောလက်ချောင်းများဖြင့်ထိခံလိုက်ရပြီး ချစ်ခင်မြတ်နိုးခြင်းခံရသည့် ခံစားချက်မျိုးရလိုက်သည်။ ကျယ်ယန်သည် ချိုးရှင်း၏ မနှစ်မြို့ခြင်းနှင့် ပြစ်တင်ကြိမ်းမောင်းခြင်းတို့နောက်ကွယ်၌ ဖုံးကွယ်ထားသောနူးညံ့မှုနှင့်ဂရုစိုက်မှုများကြောင့် သူ့နှလုံသားထဲရှိ ဖုန်ချင်းလင်ကြောင့်ဖြစ်ပေါ်လာသောဒေါသတရားများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သကြားအိုးကြီးသည် သကြားများထပ်မံဖြူးပေးနေသည်။
သူခေါင်းကိုငုံ့လိုက်ကာ ချိုးရှင်း၏လက်ချောင်းများအား သူ့မျက်နှာကိုပွတ်သပ်စေလိုက်သည်။ ထို့နောက်သူသည် ဖုန်ချင်းလင်နှင့်သူပြောခဲ့သောစကားဝိုင်းအကြောင်း ပြန်ပြောပြခဲ့သည်။ "ကျွန်တော် အဲ့လိုလုပ်ရတာမကြိုက်ပေမယ့်လည်း ခင်ဗျားသူ့ကြောင့်စိတ်တိုရတာမျိုးမမြင်ချင်ဘူး။"
ချိုးရှင်း တန့်သွားကာ သူ့လက်ချောင်းများနှင့် ကျယ်ယန်၏မျက်နှာကိုကြည့်လိုက်သည်။ သူချောင်းဟန့်ကာ လက်ကိုပြန်ရုတ်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။ "သူကဘယ်လိုလုပ်ငါ့ကိုစိတ်တိုအောင်လုပ်နိုင်မှာလဲ? မင်းလုပ်ခဲ့တာကောင်းတယ်။ တကယ်လို့သူက မိန်းမတစ်ယောက်ရဲ့မျက်နှာအစစ်ကိုတောင် မသိသေးဘူးဆိုရင် သူပညာပေးခံရသင့်တယ်။"

YOU ARE READING
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasyစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...