Chapter 72
ကျယ်ယန်သည် ချိုးရှင်းစိတ်ဆိုးနေသည်ကို မမြင်ချင်ဟန်ဆောင်လိုက်ကာ ဖုန်းထုတ်လိုက်ပြီး မုကျိုးယိ၏ရီဟာဇယ်ဗီဒီယိုအောက်ရှိ မှတ်ချက်များကို လှန်လှောကာကြည့်နေသည်။ ထို့နောက်သူသည် ချင်းချန်နှင့် ဟူပျောင်းဆီသို့ Wechat မှ စာပို့လိုက်သည်။ တစ်နာရီကြာပြီးနောက် ဘိုးဘွားရိပ်သာဝန်းအတွင်းဘက်ရှိ လေဟာပြင်ပါကင်၌ ကားရပ်လိုက်သည်။ ကျယ်ယန်နှင့် ချိုးရှင်းတို့ ကားထဲမှထွက်ကာ အဆောက်အဦငယ်လေးဆီသို့ သွားခဲ့သည်။
လမ်းလျှောက်နေစဉ် ချိုးရှင်း၏မျက်နှာမှာ အလွန်မဲမှောင်အုံ့မှိုင်းနေသည်။ သူ့ပုံစံမှာ တရုတ်နှစ်သစ်ကူးပွဲလာဆင်နွှဲသည့်လူပုံမပေါ်ဘဲ အကြွေးလာတောင်းသည့်လူနှင့်ပိုတူနေသည်။ ကျယ်ယန်သည် ချိုးရှင်းနောက်မှလိုက်သွားကာ သူ့စိတ်အခြေအနေမှာ ကောင်းမွန်ပျော်ရွှင်နေသည်။
အဆောက်အဦငယ်လေးထဲသို့ဝင်မသွားခင် ကျယ်ယန်သည် ချိုးရှင်းအားလှမ်းခေါ်လိုက်သည်။ ချိုးရှင်း ချက်ချင်းရပ်ကာ ကျယ်ယန်အားကြည့်လိုက်ပြီး "ဘာလဲ?"
ကျယ်ယန်သူ့ကိုသတိပေးလိုက်သည်။ "နီးနီးကပ်ကပ်နေရမယ်လေ။" ထို့နောက် သူချိုးရှင်းဘေးနားသို့လျှောက်သွားကာ အထဲသို့ဝင်ရန်အမူအရာပြလိုက်သည်။ "သွားကြစို့"
……. ဘေးချင်းကပ်လျှောက်တာလောက်က ဘယ်လိုလုပ်နီးနီးကပ်ကပ်နေတယ်ဖြစ်ရမှာလဲ?
ချိုးရှင်း၏ရင်ထဲက မျှော်လင့်ချက်ကလေးများ ထိုးဖောက်ငြှိမ်းသတ်ခံလိုက်ရသည်။ သူ့အကြည့်များက သူ့ဘေး၌တွဲကျနေသော ကျယ်ယန်၏လက်များထံ ကျရောက်နေသည်။ သူဆုပ်ကိုင်လိုက်ချင်သော်လည်း သူ့လက်ကိုဆန့်ထုတ်ကာ အစပျိုးရမည်ကိုရှက်နေသည်။ သူတွန့်ဆုတ်ကာ တွေဝေရင်း တွေဝေရင်းဖြင့် မားမားချိုးစောင့်နေသော ဧည့်ခန်းငယ်လေးသို့ရောက်လာခဲ့သည်။
(TN- သူ့ဘက်ကစပြီးလက်ကိုင်ရမှာကိုရှက်နေတာချိုးချိုးက)
ချိုးရှင်း: "........"
မားမားချိုး၏စိတ်မှာကြည်လင်နေသည်။ သူမသည်ဆိုဖာတွင်ထိုင်ကာ သတင်းနားထောင်နေသည်။ ချိုးရှင်းဝင်လာသည်နှင့် သူမမော့ကြည့်ကာမျက်မှောင်ကြုတ်လိုက်သည်။ "ဘာဖြစ်နေတာလဲ? မင်းငါ့ကိုတွေ့တာမပျော်ဘူးလား? ဘာလို့ဒီလိုစိတ်ပျက်တဲ့မျက်နှာကြီးဖြစ်နေတာလဲ?"
YOU ARE READING
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
FantasyAuthor-Can't Play Chess(不会下棋) Title-my husband is suffering from a terminal illness (老攻身患绝症[穿书]) I don't own the novel and fully credit to original author and english translator. စာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖိ...