Chapter 93
တစ်မနက်လုံးစုံစမ်းပြီးသော်လည်း ရိုက်ကူးရေးအဖွဲ့က ချောင်း၍ဓာတ်ပုံရိုက်သူကို မသိရသေးပေ။ ဖွင့်ပွဲအခင်းအကျင်းက ထိုနေ့ကတည်းက ရှင်းလင်းပြီးဖြစ်သော်လည်း စုအိမ်တော်သို့ မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်ရေးအရ ဝင်ရောက်မှု၊ ထွက်ခွာမှုများရှိသေးသဖြင့် တရားခံကိုရှာမတွေ့နိုင်ပေ။ (TN-ဖွင့်ပွဲပြီးသွားတုန်းက သက်ဆိုင်ရာ ခင်ရာမင်ရာတွေဝင် ထွက်တာရှိလို့ တရားခံကိုရှာမတွေ့ဘူးလို့ပြောတာ)
ကိစ္စတွေက မရပ်သေးသော်လည်း ဒီဖြစ်ရပ်ပြီးတဲ့နောက် ဒါရိုက်တာကျိုးက စတူရီယိုစီမံခန့်ခွဲမှုကို များစွာပိုတင်းကြပ်လိုက်သည်။ ရိုက်ကွင်းကို တစ်နေ့သုံးခါ ရှင်းလင်းပြီး လူဦးရေကို ပုံမှန်ရေတွက်ကာ စုအိမ်တော်ရဲ့ရှူတင်ဘယ်ထောင့်နားမဆို မော်နီတာတွေတပ်ဆင်ထားသည်။ ကျိုးဟွိုင်ရန်က ရှူတင်အကြောင်းနောက်ထပ်ပေါက်ကြားမည်စိုးသောကြောင့် အဖွဲ့တစ်ခုလုံးရိုက်ကွင်းကိုပိတ်ပစ်ပြီး မီဒီယာများနှင့် ပုဂ္ဂိုလ်ရေးလည်ပတ်မှုတွေကို အထူးပိတ်ပင်တားဆီးခဲ့သည်။
ကိစ္စရပ်တွေ ကျော်လွှားသွားခဲ့ပြီး ရိုက်ကူးရေးအဖွဲ့လေထုသည်လည်း တဖြည်းဖြည်းအနည်ကျလာခဲ့သည်။ လူတိုင်းက ရိုက်ကူးရေးကို ပိုအာရုံစိုက်လုပ်ဆောင်လာခဲ့ကြသည်။
(ရိုက်ကူးရေးအဖွဲ့)အတွင်းဘက်မှာတော့ မုန်တိုင်းကငြိမ်သက်သွားပုံရသော်လည်း အပြင်ဘက်တွင်တော့ သတင်းများက ဆက်လက်သက်ရောက်နေဆဲဖြစ်သည်။ ဝမ်ယောင်က ကျယ်ယန်အတွက် ကူညီကာရှင်းပြခဲ့သော်လည်း လူထုက ကျယ်ယန်၏သရုပ်ဆောင်မှုကို တကယ်မမြင်ခဲ့ရပေ။ ထို့ကြောင့် သူ၏သရုပ်ဆောင်ပိုင်းနှင့်ပတ်သက်ပြီး မေးခွန်းများရှိနေကြဆဲဖြစ်သည်။ ထိုသတင်းမှစတင်ကာ ကျယ်ယန်၏သရုပ်ဆောင်စွမ်းရည်နှင့်ပတ်သက်ပြီး ဆောင်းပါးများ မဆုံးနိုင်အောင်ထွက်ပေါ်လာခဲ့သည်။
ဤအခြေအနေအောက်တွင် မနှစ်ကရိုက်ကူးခဲ့သော ရွှီဟုန်၏ 'ဂီတရူး' ရုပ်ရှင်သည်လည်း အကြိုပြသခြင်းပရိုမိုးရှင်းစတင်ခဲ့သည်။
မထင်မှတ်ထားဘဲ ထုတ်လွှင့်ခဲ့သော ပရိုမိုးရှင်းဗီဒီယိုသည် movie trailer တစ်ခုမဟုတ်ဘဲ Behind the scene vedio တစ်ခုဖြစ်နေခဲ့သည်။ ဗီဒီယိုထဲတွင် ကျယ်ယန်သည် တယောတစ်ခုကိုကိုင်ကာ ရှန်ယန်၏ဘေးတွင် ပုံမှန်အနေအထားဖြင့် ရပ်နေခဲ့သည်။ ထို့နောက် သူ့မျက်လုံးကိုမှိတ်လိုက်ပြီး မျက်လုံးပြန်ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့အရှိန်အဝါမှာ အလွန်အမင်းပြောင်းလဲသွားသည်။ သူ့အမူအရာသည်မူမမှန်ဖြစ်နေပြီး သူ့မျက်လုံးများတွင် ရူးသွပ်မှုများထင်ဟက်နေသည်။ တယောတံကို ကြိုးများပေါ်တင်ကာ ပြင်းပြင်းထန်ထန်ဆွဲငင်လိုက်သောအခါ ကမ္ဘာကြီးတစ်ခုလုံး၏ခံစားချက်များသည် သူ၏ထိန်းချုပ်ခြင်းခံလိုက်ရသလိုပင်။
![](https://img.wattpad.com/cover/335104708-288-k49769.jpg)
VOCÊ ESTÁ LENDO
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasiaစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...