Chapter 92

1.8K 331 5
                                    

Chapter 92

ကျယ်ယန်သည် တံခါးကိုဖွင့်ကာ ရှက်ရွံ့သောအမူအရာဖြင့် မန်ဖေးတိအားပြုံးပြလျက် "တောင်းပန်ပါတယ်။ ကျွန်တော် ခုနက သန့်စင်ခန်းထဲ ရောက်နေလို့ပါ။"

မန်ဖေးတိက အဆင်ပြေကြောင်း အလျင်အမြန်​ပြောလိုက်သည်။ 

ကျယ်ယန်က မန်ဖေးတိအား အထဲဝင်ရန်ခေါ်လိုက်သည်။ ထို့နောက် သူက တစ်ဖက်သူအား ခေတ္တစောင့်ရန်ပြောကာ အပြင်ထွက်၍ ဝူရွှေ့ကိုဖုန်းဆက်ခေါ်လိုက်သည်။ ထို့နောက် သူဇာတ်ညွှန်းစာရွက်အားကိုင်ကာ မန်ဖေးတိအားကြည့်လိုက်ပြီး "ကျွန်တော်တို့ ဘယ်အပိုင်းက စကြမလဲ?"

"အလျင်လိုဖို့ မလိုပါဘူး။ ကျယ်ယန်၊ ဒီနေ့ ငါ့သရုပ်ဆောင်မှုက ဘယ်လိုနေလဲ? ကို့ရို့ကားယားဖြစ်နေလား?"

ကျယ်ယန်က ဇာတ်ညွှန်းကိုပြန်ချလိုက်ကာ မန်ဖေးတိအားကြည့်လိုက်ပြီး "ကျွန်တော်က အခုမှလူသစ်တစ်ယောက်ပါ။ ကောင်းတာ ဆိုးတာ ကျွန်တော်မကြည့်တတ်ပါဘူး။"

မန်ဖေးတိက မျက်မှောင်ကြုတ်ကာ စိတ်ဆင်းရဲသလိုကြည့်၍ မေးလိုက်သည်။ "ဒါဆို မင်း ငါနဲ့အတူ သရုပ်ဆောင်ရတာ အဆင်ပြေတယ်လို့ ခံစားရလား? ငါကတော့ မင်းနဲ့သရုပ်ဆောင်ရတာ အရမ်းကောင်းတယ်လို့ခံစားရတယ်။ မင်းက သင်ယူတာ မြန်တယ်။" 

ကျယ်ယန်က ပြုံးကာ "မန်ဖေးတိ၊ ကျွန်တော်တို့က အခု လုပ်ဖော်ကိုင်ဖက်တွေပါ။"

မန်ဖေးတိက စိတ်ရှုပ်ထွေးသလိုကြည့်ကာ "ဘာရယ်?"

"လုပ်ဖော်ကိုင်ဖက်တွေဆိုတာ သူငယ်ချင်းတွေလည်းဖြစ်လာနိုင်သလို ဒါမှမဟုတ် ရန်သူတွေလည်းဖြစ်လာနိုင်တယ်။ ကျွန်တော်က ပြသနာဖြစ်တာမ​ကြိုက်ပေမယ့် ပြသနာဖြစ်မှာကို မကြောက်ဘူး။ ဂိမ်းတွေကို မကြိုက်ဘူး။ စီနီယာ၊ ဇာတ်ညွှန်းသရုပ်ဆောင်တာ စတော့မလား?"

ကျယ်ယန်၏အရိပ်အမြွတ်စကားသည် သိမ်မွေ့နက်နဲသော်လည်း စိတ်ထဲတွင် တွက်ချက်ကြံစည်နေသည့်မည်သူမဆို လွယ်လွယ်နားလည်နိုင်ပေ၏။

'ငါရွှမ်းယွမ်ကိုတွေ့တယ်' ဇာတ်ကားသည် ကျယ်ယန်၏ ပထမဆုံး သရုပ်ဆောင်အလုပ်ဖြစ်သောကြောင့် သူက ဇာတ်ကားကို ကောင်းမွန်စွာ ​ပြီးဆုံးသည်အထိရိုက်ကူးချင်ပြီး ပြသနာမဖြစ်ချင်ပေ။ ထို့ပြင် မန်ဖေးတိကလည်း တရားလွန်မလုပ်ပေ။ သူ့ကျော်ကြားမှုကို အခွင့်ကောင်းယူတာကလွဲလို့ ယေဘူယျအားဖြင့် မန်ဖေးတိ၏သဘောထားသည် အလွန်ဖော်ရွေသောကြောင့် ကျယ်ယန်သည် ဘာမှလုပ်ရန် အစီအစဉ်မရှိပေ။

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Onde histórias criam vida. Descubra agora