chapter 59

12.9K 227 15
                                        

Author-Can't Play Chess(不会下棋)
Title-my husband is suffering from a terminal illness (老攻身患绝症[穿书])

...........

chapter 59

ဖိုင်ထဲတွင် စုစုပေါင်းအေးဂျင့်၅ယောက်၏ အချက်အလက်များရှိပြီး အမျိုးသား ၃ ယောက်နှင့် အမျိုးသမီး ၂ ယောက် ဖြစ်သည်။ ကျယ်ယန် အကြမ်းဖျင်း ဖတ်ကြည့်လိုက်တော့ မူလဝတ္ထုထဲတွင် ခနတာ မကြာခန ပေါ်လာတတ်သော နာမည်တစ်ခုကို တွေ့လိုက်သည်။

ချင်းချန်၊ အမျိုးသား၊ အသက် ၃၁ နှစ် ။

ချင်းချန်သည် မူလက ဟွမ်းယွီရဲ့ ရွှေအဆင့် အေးဂျင့်များထဲမှတစ်ယောက် ဖြစ်သည်။ ရုပ်ရှင်ဧကရာဇ်တစ်ယောက်၊ ရုပ်ရှင်ဘုရင်မတစ်ယောက်နှင့်၊ ထိပ်တန်းအဆင့် ငွေကြယ်ပွင့်တစ်ယောက်ကို ပျိုးထောင်ခဲ့သည်။ လွန်ခဲ့သောသုံးနှစ်က ချင်းချန်လက်အောက်ရှိ ရုပ်ရှင်ဘုရင်မတစ်ယောက်ဖြစ်သော ဖန်းယန်သည် လက်ထက်တော့မည်ဖြစ်ကြောင်းနှင့် ချင်းချန်နဲ့ပူးပေါင်းမှုကို ဖျက်သိမ်းကြောင်း ရုတ်တရက် ကြေငြာခဲ့သည်။ ချင်းချန်လည်း ဟွမ်းယွီမှ အလုပ်ထွက်ကာ ပြည်ပသို့ ခရီးထွက်သွားသည်။ သူသည် ဖန်းယင်ကို သဘောကျနေခဲ့ပြီး ဖန်းယင်လက်ထပ်သွားတာကို မခံစားနိုင်သောကြောင့် ထွက်သွားခြင်းဖြစ်သည်ဟု ကောလဟာလများ ထွက်ခဲ့သည်။

မူလဝတ္ထုထဲတွင် လုဇီနှင့် မုကျိုးယိတို့ ဟွမ်းယွီနှင့်စာချုပ်ချုပ်ပြီးမကြာခင်မှာပဲ ချင်းချန်ကနိုင်ငံခြားမှ ပြန်ရောက်လာသည်။ ထို့နောက် သူ့အလုပ်ဟောင်းကိုပြန်လာခဲ့ပြီး ဟွမ်းယွီရဲ့အေးဂျင့်ဖြစ်လာကာ ၁နှစ်သာပွဲဦးထွက်ရသေးသော လူသစ်တစ်ယောက်ကို ရွေးချယ်ခဲ့သည်။

ထိုလူသစ်က မုကျိုးယိနှင့် သက်တူရွယ်တူ လမ်းကြောင်းတူဖြစ်သည်။ သူတို့နှစ်ယောက်မှာ တစ်ကုမ္ပဏီတည်းဖြစ်သောကြောင့် ရင်းမြစ်များနှင့်ပတ်သက်၍ မလွဲမသွေ ယှဉ်ပြိုင်ကြရသည်။

ချန်းချင်ကသန်မာသူဖြစ်သလို လုဇီကလည်း ခေသူမဟုတ်ပေ။ တစ်ဂူတည်းကျား၂ကောင် မအောင်းနိုင်သကဲ့သို့ ထိုနှစ်ယောက်မှာ ပေါ်တင်သော်လည်းကောင်း တိတ်တဆိတ်သော်လည်းကောင်း တိုက်ခိုက်ကြသည်။ သဘာဝကျကျပင် လုဇီသည် ရွှေလက်ချောင်းရှိသော မုကျိုးယိ၏ အကူအညီကို ရသောကြောင့် ချင်းချန်မှာ ရှုံးနိမ့်သွားခဲ့သည်။ လူသစ်သည် တဖြည်းဖြည်း ရေးဆိုးများလောင်းခံရကာ အနုပညာလောကမှ နှုတ်ထွက်ခဲ့ရသည်။ ချင်းချန်မှာလည်း ဟွမ်းယွီမှ ထုတ်ပယ်ခံရကာ အေးဂျင့်လောကမှ ထွက်ခွာခဲ့ရသည်။

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Où les histoires vivent. Découvrez maintenant