Chapter 83

1.8K 356 11
                                    

Chapter 83

သူဘယ်လိုလုပ် မကြောက်ပဲနေမှာလဲ?

စကားတစ်ခွန်းတိုင်း တစ်ခွန်းတိုင်းက ချိုးရှင်း၏နှလုံးသားကို ထိုးစိုက်နေခဲ့သည်။ ချိုးရှင်းသည် ကျယ်ယန်၏လက်ကိုဆုပ်ကိုင်ကာ ဖြည်းဖြည်းချင်း  တင်းတင်းကျပ်ကျပ်ညှစ်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် တစ်ခုခုကိုဖိနှိပ်ထားရသလို တင်းမာနေပြီး သူ့မျက်ခုံးများသည် မှုန်ကုပ်နေကာ မျက်ဝန်းများတွင် ကြောက်မက်ဖွယ်မုန်တိုင်းတစ်ခု တိုက်ခတ်နေသည်။

သို့သော် သူသည် အသိကပ်အောင်ကြိုးစားနေပြီး သတိ​​ပေးတာတစ်ဝက် တောင်းဆိုတာတစ်ဝက်ဖြင့် "ကျယ်ယန်၊ မင်း ကိုယ့်ကို မလှုံ့ဆော်ပါနဲ့။"

"ကျွန်တော် ခင်ဗျားကိုလှုံ့ဆော်နေတာမဟုတ်ဘူး။ ကျွန်တော်က အမှန်တရားကိုပြောနေတာ။" ကျယ်ယန်၏လက်သည် အနည်းငယ် နာကျင်သွားသော်လည်း သူသည် မရုန်းဘဲ ပြန်၍ပင် ဆုပ်ကိုင်ကာ "ချိုးရှင်း၊ ခုနကပြောတဲ့ယူဆချက်တွေက ကောင်းတာတွေပဲရှိသေးတယ်။ ဆိုးတာတွေရှိသေးတယ်။ ခင်ဗျားနားထောင်ချင်သလား?"

ချိုးရှင်းသည် ကျယ်ယန်နောက်ဆက်ပြောမည့်အကြောင်းအရာများသည် သူနားထောင်ချင်သည့်အရာများမဟုတ်ကြောင်း အလိုလိုခံစားမိသွားကာ ကျယ်ယန်၏လက်ကို အားဖြင့်ဆွဲကာ ပြင်းထန်သောလေသံဖြင့်ပြောလိုက်သည်။ "ဆက်မပြောနဲ့!" 

ကျယ်ယန်သည် မရပ်တန့်ဘဲ ဆက်ပြောလိုက်သည်။ "ခင်ဗျားထွက်သွားပြီးတဲ့နောက် ဆိုးဝါးတဲ့အခြေအနေကတော့ ကျွန်တော်က ခင်ဗျားဆီက လိုချင်တာကိုမရခဲ့ဘူး။ ဒါကြောင့် ကျွန်တော် မျက်ကန်းလို ရူးသွပ်သွားမယ်။ ခင်ဗျား ကျွန်တော့်ကို ဒီလောက်ငွေတွေအများကြီးပေးခဲ့တာဆိုတော့ ကျွန်တော်က ကျိန်းသေပေါက် အမှိုက်လိုကောင်တွေရဲ့ပစ်မှတ်ထားခံရမှာပဲ။ သူတို့က ကျွန်တော့ကို တမင်တကာ ချဉ်းကပ်ပြီး ဂရုစိုက်ချင်ယောင်ဆောင်၊ ချစ်ချင်ယောင်ဆောင်မယ်။ ကျွန်တော်က တဖြည်းဖြည်းကျဆင်းသွားပေမယ့် တကယ်တော့ သူတို့က……..."

ချိုးရှင်းသည် ကျယ်ယန်အား ရုတ်တရက် သူ့လက်မောင်းများကြားသို့ ဆွဲသွင်းလိုက်ပြီး ကျယ်ယန်၏နောက်စေ့ကို ဖိလိုက်သည်။

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Tempat cerita menjadi hidup. Temukan sekarang