Chapter 107

1.9K 322 12
                                        

Chapter 107

သူတို့ ဓာတ်လှေကားထဲ ဝင်သွားပြီး ဝူရွှေ့က ကျယ်ယန်အား တုံ့ဆိုင်းစွာကြည့်လာသဖြင့်

ကျယ်ယန်က သူ့အား ပြောလိုက်သည်။ “ပြောစရာရှိရင်လည်း ပြောလေ။”

“သူဌေး…… ဒေါသထွက်နေတာလား?”

ကျယ်ယန်က ဦးထုပ်ကိုချွတ်ကာ သူ့ဆံပင်ကို ဆုတ်ကိုင်သပ်လိုက်ပြီး ဓာတ်လှေကားတံခါးမှာပေါ်နေတဲ့ သူ့မျက်နှာကိုကြည့်ကာ ပြန်ဖြေလိုက်သည်။ “မဟုတ်ပါဘူး။ ဒီတိုင်း စဉ်းစားနေတာ”

ဝူရွှေ့က မကောင်းတာတစ်ခုခုခံစားမိလိုက်ပြီး “ဘာကို စဉ်းစားနေတာလဲ?”

“ငါ့ကိုယ်ငါ အရမ်းများ အထင်​ကြီးလွန်းနေသလားလို့ စဉ်းစားနေတာ” ကျယ်ယန်က ဦးထုပ်ကို ပြန်ဝတ်လိုက်ပြီး ဝူရွှေ့ဘက်ကို လှည့်ကြည့်လိုက်ကာ “မင်းရဲ့ တကယ့်သူဌေးကို ပြောလိုက် ငါ့ဘက်က စတင်မှုက အဆုံးသတ်သွားပြီ၊ နောက်ပိုင်းက သူ့အလှည့်ပဲလို့။”

ဓာတ်လှေကားတံခါးပွင့်သွားသည်။ ကျယ်ယန်က အကြည့်ပြန်ရုတ်၍ ဓာတ်လှေကားထဲမှ ထွက်သွားကာ သူ့အခန်းထဲ တန်းဝင်သွားပြီး ဝူရွှေ့အား အခန်းအပြင်မှာချန်ထားခဲ့၍ တံခါးပိတ်လိုက်သည်။

နောက်ဆုံး၌ သူတစ်ယောက်တည်းသာ ကျန်တော့သည်။ ကျယ်ယန်က ခဏလောက် ရပ်နေခဲ့သည်။ ထို့နောက် ဦးထုပ်နှင့် လွယ်အိတ်ကို ချွတ်လိုက်ပြီး အဝတ်အစားများလဲကာ အခန်းထဲမှ ထွက်သွားသည်။ သူ ဟိုတယ် gym ခန်းကို သွားလိုက်ရာ ထောင့်နားက ပြေးစက်ကိုတွေ့လိုက်ပြီး ကီလိုမီတာအနည်းငယ်လောက် ပြေးလိုက်သည်။ ချွေးထွက်သွားပြီးနောက် ကျယ်ယန်က အခန်းထဲပြန်လာကာ ရေချိုးလိုက်သည်။

သူ့ရဲ့မငြိမ်မသက်ဖြစ်နေတဲ့ စိတ်အခြေအနေကို ရေနှင့် အနည်းငယ်ဆေးကြောပစ်လိုက်သည်။ ကျယ်ယန်က မျက်လုံးများဖွင့်လိုက်ပြီး ရေပိုက်ခေါင်းကိုပိတ်၍ ခန္ဓာကိုယ်ကို ရေသုတ်လိုက်သည်။ ထို့နောက် bathrobe ကိုဝတ်ကာ ရေချိုးခန်းထဲမှထွက်လာပြီး အိပ်ယာပေါ် လှဲလိုက်သည်။ 

ကလစ်

မီးပိတ်သွားပြီး အခန်းက အမှောင်ကျသွားသည်။

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)حيث تعيش القصص. اكتشف الآن