Chapter 108

2.4K 383 40
                                        

Chapter 108

မနက်ခင်းရိုက်ကူးရေးက ပြီးဆုံးသွားခဲ့ပြီး ရိုက်ကူးရေးအဖွဲ့၏ နေ့လည်စာ အနားယူချိန်ရောက်လာသည်။ အပြင်ဘက်တွင်ဖုန်းထွက်ဖြေနေသော ဝူရွှေ့က ကျယ်ယန်ဆီလျှောက်လာပြီး အသံနှိမ့်ကာ ပြောလိုက်သည်။ “သူဌေး၊ ဥက္ကဋ္ဌချိုးက အစားအသောက်ကား နည်းနည်းလွှတ်လိုက်တယ်။ ဒီနေ့ ရိုက်ကူးရေးအဖွဲ့ မငြိမ်မသက်ဖြစ်သွားခဲ့ရတာတွေအတွက် တောင်းပန်ဖို့အတွက်ပါတဲ့။”

ကျယ်ယန်က ဇာတ်ညွှန်းဖတ်နေရာမှ ဝူရွှေ့ကိုတစ်ချက်ကြည့်လိုက်ပြီး “သူက အခုထိ မအိပ်သေးဘူးလား?”

ဝူရွှေ့ချက်ချင်းပြန်ဖြေလိုက်သည်။ “အစားအသောက်ကားတွေက မနက်ကတည်းက မှာထားတာပါ။ သူအခု ဟိုတယ်အခန်းထဲမှာ ကောင်းကောင်းအနားယူနေပါတယ်။”

သူက ဟိုတယ်မှာနေနေတယ်ဆိုပေမယ့် ဝူရွှေ့က သူ အိပ်နေတယ်လို့မပြောခဲ့ဘူး။ ကျယ်ယန်က ဖုန်းထုတ်ကာ ချိုးရှင်းဆီ wechat message တစ်စောင် ပို့လိုက်သည်။ 

ကျယ်ယန်: ကျွန်တော် ဗိုက်အောင့်နေတယ်။

ချိုးရှင်း စက္ကန့်ပိုင်းအတွင်း စာပြန်လာသည်: ဘာဖြစ်တာလဲ? အအေးမိတာလား? အစားတစ်ခုခုမှားတာလား?

ချိုးရှင်း: ဝူရွှေ့ကို ဆေးရုံလိုက်ပို့ခိုင်းလိုက်။ ကိုယ်အဲ့ကို လာခဲ့မယ်။

သူသိနေတယ်လေ။ ကျယ်ယန် စာရိုက်လိုက်သည်။

ကျယ်ယန်: အအေးမိတာ အစားမှားတာ တစ်ခုမှမဟုတ်ဘူး။ တစ်စုံတစ်ယောက်က သူအိပ်မယ်လို့ပြောပြီး မအိပ်လို့လေ။

တစ်ဖက်သူက ကြက်ကလေးတစ်​ကောင်လို တိတ်ဆိတ်သွားသည်။

ကျယ်ယန်: အိပ်မပျော်လို့လား?

အချိန်နည်းနည်းကြာပြီးနောက်

ချိုးရှင်း: ကိုယ်တစ်ရေးနိုးလာတာ။

ကျယ်ယန်: ဝန်ခံရင် သက်ညှာပေးမယ်။ ကလန်ကဆန်လုပ်ရင် စည်းကမ်းတင်းကြပ်မယ်။ လိမ်ညာပြောရင် ကွာရှင်းပစ်မယ်။

ချိုးရှင်း စက္ကန့်ပိုင်းအတွင်း စာပြန်လာပြန်သည်: ကောင်းသောညပါ။

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Where stories live. Discover now