Chapter 75
ကျယ်ယန်သည် ဘိုးဘွားရိပ်သာ၏ ဥယျာဉ်ငယ်လေးထဲတွင် သစ်သားဒန်းတစ်ခုကိုတွေ့လိုက်သည်။ သူလမ်းလျှောက်သွားပြီး ထိုင်လိုက်သည်။ သူဖုန်းထုတ်လိုက်သောအခါ Wechat မှ စာတစ်စောင်တတ်လာသည်။
ကျိဇယ့်ဟွေ့: သတင်းကြီးကွ!
အပြင်ဘက်ရှိအပူချိန်သည် နိမ့်ဆင်းနေပြီး ကျယ်ယန်ကလည်း လက်ထုတ်ကာ စာရိုက်ချင်စိတ်မရှိပေ။ ထို့ကြောင့် သူ ကျိဇယ့်ဟွေ့ကို တိုက်ရိုက်ဖုန်းခေါ်လိုက်ပြီးမေးလိုက်သည်။ "ဘာသတင်းလဲ?"
ကျိဇယ့်ဟွေ့ဘက်တွင် အနည်းငယ်ဆူညံနေသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ဆူညံသံများဝေးသွားပြီး ကျိဇယ့်ဟွေ့၏ တမင်လုပ်ပြောသော အသံတိုးတိုးလေးကိုကြားလိုက်သည်။ "ငါလည်း အခုမှ သူများဆီကတစ်ဆင့်ကြားထားတာ။ တစ်ယောက်ယောက်က ဟဲရူမင်နဲ့ ဟဲရွှင့်ချင်တို့ရဲ့ လျှို့ဝှက်စည်းမျဉ်းတွေအကြောင်းအထောက်အထားတွေအများကြီး ကုမ္ပဏီကိုပို့လာတယ်။ ကုမ္ပဏီရဲ့ ထိပ်တန်းအမှုဆောင်အရာရှိတွေအားလုံး တုန်လှုပ်သွားကြပြီး အရေးပေါ်အစည်းအဝေးတစ်ခုကျင်းပနေတယ်။" (TN- လျှို့ဝှက်စည်းမျဉ်းဆိုတာ တကယ်တော့ တရားမဝင်စာချုပ်လိုမျိုးပဲ။ ပါတီနှစ်ခုက နားလည်မှုနဲ့အပေးအယူသဘောမျိုး လုပ်ထားတာ။ ဟဲနှစ်ယောက်က ကုမ္ပဏီက အနုပညာရှင်တွေအပေါ် တရားဝင်စာချုပ်မှာ မရေးထားတဲ့အချက်တွေနဲ့ထိန်းချုပ်ထားတာကိုပြောချင်တာ။ သူတို့ကရင်းမြစ်ပေးမယ်။ အနုပညာရှင်ဆီက သူတို့လိုချင်တာပြန်ယူမယ်။ အဲ့သဘောပဲ။)
လျှို့ဝှက်စည်းမျဉ်းတွေရဲ့အထောက်အထား?
မူရင်းဝတ္ထုမှာ ဇာတ်လိုက်က မုကျိုးယိကို ကူညီပြီး ဟွမ်ထျန်းကို ရှင်းပေးခဲ့တယ်။ အဲ့ဒါက ဟဲရူမင်နဲ့ ဟဲရွှင့်ချင်တို့ရဲ့ လျှို့ဝှက်စည်းမျဉ်းတွေသတင်းကို ဟွမ်ထျန်းကိုပို့ပြီး မုကျိုးယိကို ဘာမှမလုပ်နိုင်အောင် သူတို့ကိုခြောက်လှန့်တဲ့အချိန်မှာ စတင်ခဲ့တယ်။
ကျယ်ယန်က ကျိဇယ့်ဟွေ့ဖုန်းနှင့်ကိုချလိုက်ပြီး ဖုန်ချင်းလင်ကို ဖုန်းခေါ်လိုက်သည်။ ဖုန်းကမြန်မြန်ချိတ်ဆက်သွားသော်လည်း ဖုန်ချင်းလင်က စကားမပြောပေ။

YOU ARE READING
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasyစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...