Chapter 84
ချစ်သူများနေ့တွင် ကျယ်ယန်သည် album အသံသွင်းတာကို တစ်ရက်ရပ်နားပြီး ထုံကျန်း၏ album အသစ် သတင်းစာရှင်းလင်းပွဲကို ခယ့်လန်၊ ရွှီချန်ဟောင်တို့နှင့်အတူ သွားခဲ့သည်။
သတင်းစာရှင်းလင်းပွဲပြီးနောက် ထုံကျန်း၏ album အသစ် 'ကလေးများရဲ့ ဘာသာစကား' ထုတ်ဝေမှုသတင်းသည် 'နှစ်ဝက်အကြာ IUD အဖွဲ့သစ်၏ လူထုထုတ်လွှင့်မှု' ဟူသော သတင်းခေါင်းစဉ်ဖြင့် hot search list သို့ အလျင်အမြန်ရောက်သွားခဲ့သည်။ album ရဲ့ title song 'ဝူထုန်ရှော' ၏ MV သည်လည်း သာမန်မျက်စိဖြင့် မြင်နိုင်သောအမြန်နှုန်းဖြင့် hot list သို့ တတ်သွားခဲ့သည်။ (TN- ဝူထုန်ရှော/梧桐说: ဂူဂူမှာ ရှာကြည့်တာတော့ ဝူထုန်က သဖန်းပင်မျိုးစုရဲ့ ရွက်ကြွေအမျိုးအစားသစ်ပင်ဆိုပြီးပေါ်လာတယ်။ ရှောကတော့ စကားပြောတာပေါ့နော်။ အဲ့တော့ ကိုယ့်ဘာကိုယ်မှတ်လိုက်တယ် အပင်စကားဆိုပြီး။ ဟီးဟီး မှားနေရင်လည်းပြောပြပေးပါဦး)
album ထုတ်ဝေနေတဲ့တစ်ချိန်တည်းမှာပဲ ခယ့်လန်နှင့် ယန်ရှင်း၏ တရားဝင် website တွင် 'ကမ္ဘာပျက်ကပ်တွင် ပြန်လည်မွေးဖွားခြင်း' မိုက်ခရိုရုပ်ရှင်၏ အကျဉ်းချုပ်ဗားရှင်းနှင့် တရားဝင်ဗားရှင်းကို ထုတ်လွှင့်ခဲ့ပြီး အခြားသော IUD member များက လူသိများအောင် forward ပြန်လုပ်ခဲ့ကြသည်။
*တစ်အပေါင်းတစ်သည် နှစ်ထပ်ပိုကြီးလေသည်။ ထုံကျန်းနှင့် ခယ့်လန်တို့ တစ်ယောက်နှင့်တစ်ယောက် စိတ်အားထက်သန်စွာ ဖလှယ်လိုက်ကြသောကြောင့် နှစ်ယောက်သား၏လက်ရာများသည် လျင်မြန်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစရာဖြစ်လာခဲ့သည်။ (TN-*က အတူတူပူးပေါင်းလုပ်ဆောင်တာက တစ်ဦးချင်းလုပ်တာထက် ပိုအလုပ်တွင်တယ်ပြောချင်တာ။)
***************
ယန်ရှင်း၏အစည်းအဝေး အခန်းငယ်လေးတွင်
IUD အဖွဲ့သစ်နှင့် ဟူပျောင်းတို့ အတူတကွဆုံစည်းကြဖို့ရာ ခဲယဉ်းလှသည်။ သူတို့က 'ကမ္ဘာပျက်ကပ်တွင် ပြန်လည်မွေးဖွားခြင်း' မိုက်ခရိုရုပ်ရှင်အပေါ် လူထု၏တုန့်ပြန်မှုကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့ကြသည်။
ESTÁS LEYENDO
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasíaစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...
