Chapter 87
နေရောင်သည် လိုက်ကာများအကြားမှဖြတ်ကာ အခန်းတွင်းသို့ ဖြာဆင်း၍ ချိုးရှင်း၏မျက်နှာပေါ်သို့ ကျရောက်လာသည်။ ချိုးရှင်းမျက်မှောင်ကြုတ်သွားပြီး သူ့မျက်လုံးများကို ဖြေးညှင်းစွာဖွင့်ကာ အလိုလိုလက်ဆန့်ထုတ်လိုက်သည်။ ဘယ်သူမှမရှိဘဲ အေးစက်နေသည်။
ချိုးရှင်း ချက်ချင်းနိုးလာပြီး ထထိုင်၍လှည့်ပတ်ကြည့်လိုက်သည်။ စောင်က သူ့ခန္ဓာကိုယ်မှ လျှောကျသွားပြီး စောင်အပြင်ဘက်ရှိ အေးစက်သောလေသည် အပြေးအလွှားတိုးဝင်လာသည်။ ချိုးရှင်း အေးခဲသွားကာ သူ့ခန္ဓာကိုယ်ကို ဖြေးဖြေးချင်း ငုံ့ကြည့်လိုက်သည်။
နှစ်စက္ကန့်အကြာတွင် သူစောင်ကိုမကာ ငေးကြောင်ကြောင်ငုံ့ကြည့်လိုက်သည်။
"..............."
ချိုးရှင်း သူ့အကြည့်ကိုပြန်မော့လိုက်ပြီး သူ့အမူအရာမှာ ရယ်စရာကောင်းအောင် တောင့်တင်းနေသည်။ အမျိုးမျိုးသော ရှုပ်ထွေးသည့်ခံစားချက်များ သူ့မျက်ဝန်းထဲတွင် လှည့်ပတ်နေသည်။ သူ့အကြည့်များသည် အလိုလို အခန်းတစ်ဝိုက် လှစ်ခနဲလှည့်ပတ်ကြည့်ကာ တစ်စုံတစ်ယောက်၏ပုံရိပ်ကို ရှာဖွေရန်ကြိုးပမ်းလိုက်သော်လည်း တစ်ယောက်မှမတွေ့ပေ။ ရှုပ်ပွနေသောအဝတ်များ ကြမ်းပြင်၌ ဟိုလိုလိုဒီလိိုလို ပျံ့ကျဲနေသည်ကိုသာတွေ့ရသည်။ ထိုထဲတွင် သူ့အတွင်းခံလေးသည် တစ်စုံတစ်ယောက်၏ညဝတ်အင်္ကျီနှင့် အတွင်းကျကျနီးကပ်နေသည်။
သူ့အမူအရာပြောင်းလဲသွားပြီး အိပ်ယာထဲမှ အလျှင်စလို ထွက်လိုက်သည်။ သူ့ညဝတ်အင်္ကျီများကို ကောက်၍ပုတ်လိုက်သည်။ ထို့နောက် သူအိပ်ယာသို့ပြန်သွားကာ ခဏထိုင်လိုက်ပြီးနောက် အိပ်ယာပေါ်မှထကာ သန့်စင်ခန်းသို့သွားပြီး သူ့ကိုယ်ပိုင်အဝတ်များကို ပြန်ဝတ်ရန်ရှာလိုက်သည်။
အဝတ်များပြန်ဝတ်ပြီးသည်နှင့် လုံခြုံစိတ်ချရမှုနှင့် ကျိုးကြောင်းဆင်ခြင်နိုင်သည့်အာရုံများ နောက်ဆုံးတော့ ပြန်ရောက်လာသည်။ ချိုးရှင်းသည် ရေအေးဖြင့် သူ့မျက်နှာကိုပတ်လိုက်ပြီး မှန်ထဲရှိသူ့ကိုယ်သူပြန်ကြည့်လိုက်သည်။ ဖြစ်နိုင်တာ………. မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။

YOU ARE READING
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasyစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...