Chapter 68

557 85 2
                                    

Chapter 68

ကျယ်ယန်သည် သူ့လက်ဖက်ရည်ခွက်ကိုချကာ လက်ဖက်ရည်အိုးကိုကောက်ယူ၍ ချိုးရှင်းအတွက် လက်ဖက်ရည်ဖြည့်ပေးလိုက်ပြီး သူ့အားညင်သာစွာ နှစ်သိမ့်လိုက်သည်။ 

ချိုးရှင်းက သူ့ဒေါသကိုဖိနှိပ်လိုက်ကာ "ကောလဟာလနဲ့ပတ်သက်ပြီး ငါမင်းကို ကူညီဖို့လိုအပ်လား….?"

"မလိုဘူး။ ဖျော်ဖြေရေးနယ်ပယ်ထဲက စီနီယာတစ်ယောက်ရဲ့ အကူအညီနဲ့ ကျွန်တော် ကောလဟာလတွေကို ဖြေရှင်းပြီးပြီ"

ကျယ်ယန်က လက်ဖက်ရည်အိုးကိုချလိုက်ပြီး ချိုးရှင်းကိုကြည့်ကာ "ကျွန်တော် ဒီအကြောင်းတွေကို ခင်ဗျားဒေါသထွက်အောင် ပြောပြတာမဟုတ်ဘူး။ ခင်ဗျားက ဖုန်ချင်းလင်ကို ယုံရင်တောင် ဖုန်ချင်းလင်က ခင်ဗျားကို မယုံဘူးဆိုတဲ့အကြောင်း အသိပေးချင်လို့ပဲ။ ဖုန်ချင်းလင်က ခင်ဗျားကိုယုံရင်တောင်မှ သူက မုကျိုးယိကိုလည်း ယုံတယ်။ ဒါကြောင့် ခင်ဗျား အနာဂါတ်မှာ ဖုန်ချင်းလင်ကို နဲနဲလောက်သတိထားခုခံဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ ခင်ဗျားပြောသမျှ အချက်အလက်အားလုံးက လုံးဝလုံခြုံမှာ မဟုတ်ဘူး။"

မူလစာအုပ်ရဲ့ဇာတ်ညွှန်းထဲတွင် ဖုန်ချင်းလင်သည် ချိုးရှင်းထံမှ သတင်းရယူရန်အတွက် ချိုးရှင်း၏ ဆွေမျိုးများအပေါ် ခုခံကာကွယ်မှုကင်းမဲ့မှုကို အကြိမ်ကြိမ်အခွင့်ကောင်းယူခဲ့သည်။ မူလစာအုပ်ထဲရှိ ချိုးရှင်းသည် ထိုအကြောင်းကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သို့မဟုတ် ဖုန်ချင်းလင်အား သတင်းအချက်အလက်များ တမင်တကာ ပြောပြသည်ဖြစ်စေ ပြသနာမရှိပေ။ သို့သော် ယခုအခါ ကျယ်ယန်သည် ချိုးရှင်းအား မူရင်းဝတ္ထုထဲကကဲ့သို့ ဖုန်းချင်းလင်အပေါ် လုံးဝအကာအကွယ်မဲ့ဖြစ်စေမည်မဟုတ်ပေ။ 

ချိုးရှင်း၏မျက်နှာအမူအရာ အနည်းငယ်တောက်ပလာပြီး "ငါ သူ့ကို သတိမထားဘဲမနေပါဘူး"

"ဒါဆို ခင်ဗျားက သူ့ကိုအလိုလိုက်ချင်ရုံပဲပေါ့"

"......"

ချိုးရှင်းသည် ရုတ်တရက် နောက်သို့မှီကာ 'ငါဂရုမစိုက်ပါဘူး။ ဒီတိုင်းမေးကြည့်တာ' ဟူသောမျက်နှာထားဖြင့် ခြေထောက်များချိတ်လိုက်သည်။ ထို့နောက် သူဂရုမစိုက်ဟန်ဖြင့် "မင်း ချင်းလင်ကို မနာလိုဖြစ်နေတာလား?"

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Where stories live. Discover now