Chapter 85
ကျယ်ယန်နှင့် ခါရွှီရဲ့သူဌေး ယန်ချင်းတို့သည် ယန်ချင်း၏သူငယ်ချင်းတစ်ယောက်ဖွင့်ထားသော စားသောက်ဆိုင်တစ်ခု၏သီးသန့်ခန်းတွင် တွေ့ကြသည်။ ကျယ်ယန်သည် ချင်းချန်၊ လျှိုရှားတို့နှင့်အတူ ရောက်ရှိလာချိန်တွင် ယန်ချင်းနှင့် ဖန်ချန်းနန်တို့သည် ရောက်နှင့်ပြီးဖြစ်ကာ စကားပြောနေကြသည်။
ကျယ်ယန် တံခါးမှဝင်လာသောအခါ နှစ်ယောက်သား ချက်ချင်းစကားပြောရပ်လိုက်ပြီး မတ်တပ်ရပ်လိုက်ကြသည်။ ကြားလူအနေဖြင့် ဖန်ချန်းနန်သည် ကျယ်ယန်နှင့် ယန်ချင်းတို့ကို မိတ်ဆက်ပေးသည်။
ကျယ်ယန်နှင့် ယန်ချင်းတို့သည် အပြန်အလှန်လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ ထို့နောက် ကျယ်ယန်က ယန်ချင်းနှင့် ဖန်ချန်းနန်တို့အား ချင်းချန်၊ လျှိုရှားတို့နှင့် အသီးသီး မိတ်ဆက်ပေးလိုက်သည်။ ထို့နောက် သူသည် ယန်ချင်း၏တိုက်တွန်းမှုအောက်တွင် ထိုင်ခုံတစ်ခုယူလိုက်သည်။
ထိုင်ပြီးနောက် ကျယ်ယန်သည် ယန်ချင်းအားကြည့်လိုက်သည်။ ယန်ချင်းသည် ဟုန်ကျီကျယ်ထက် ၃နှစ်ကြီးကာ ဒီနှစ်တွင် သူမသည်အသက် ၅၂နှစ် ရှိပြီဖြစ်သော်လည်း ကောင်းစွာထိန်းသိမ်းထားသောကြောင့် အသက်၄၀ အရွယ်ပုံပေါက်နေသည်။ သူမ၏ပုံပန်းသွင်ပြင်သည် ထူးထူးခြားခြားမဟုတ်သော်လည်း ပင်ကိုယ်စရိုက်မှာ အလွန်နူးညံ့ကာ လူအများအား သက်တောင့်သက်သာဖြစ်စေသည်။ သူမ၏မျက်ခုံးများကြားတွင် ပင်ပမ်းနွမ်းနယ်မှုများရှိနေပြီး သူမသည် ပြုံး၍ ယဉ်ကျေးစွာစကားပြောဆိုနေသော်လည်း သူမ၏မျက်ဝန်းများတွင် ဝမ်းနည်းပူဆွေးမှုနှင့် စိတ်ဓာတ်ကျမှုများ စွဲထင်နေသည်။
ကျယ်ယန်သည် ယန်ချင်းက ခါရွှီရဲ့သူဌေးဖြစ်သော်လည်း သူမသည် အာဏာကိုချုပ်ကိုင်ထားခြင်းအား မနှစ်သက်ကြောင်းနှင့် ပိုမိုဖော်ရွေကြောင်း သိလိုက်ရသည်။ သူမသည် ခိုင်မာသောခံယူချက်ရှိသော်လည်း (body)ကြံ့ခိုင်သန်မာသည့်အမျိုးသမီးတစ်ယောက်မဟုတ်ပေ။
စားပွဲထိုးသည် ဟင်းပွဲများကို လျင်မြန်စွာချပြီးနောက် ပါးနပ်စွာပြန်ထွက်သွားကာ တံခါးပိတ်သွားသည်။

YOU ARE READING
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasyစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...