Chapter 109

1.7K 248 6
                                        

Chapter 109

မကြာခင်မှာပဲ ကျယ်ယန်သည် ချိုးရှင်း၏ အစပြုမှုကို မြန်မြန်ပဲ ​​တွေ့လိုက်ရသည်။

မနက်စာစားသောက်ပြီးနောက် ရိုက်ကွင်းသို့သွားခဲ့သည်။ ရိုက်ကွင်းသို့သွားနေစဉ် ကားပေါ်၌ ကျယ်ယန်က လက်ထဲတွင်ဖုန်းကိုကိုင်ကာ ချိုးရှင်း၏ weibo page အား refresh လုပ်နေခဲ့သည်။ သူ refresh တစ်ခါလုပ်တိုင်း ချိုးရှင်း၏ weibo page မှာ like နှင့် forward post များ တစ်ခု သို့မဟုတ် နှစ်ခု တိုးလာသည်။ ချိုးရှင်း like နှင့် forward လုပ်ထားသော post အားလုံးသည် ချွင်းချက်မရှိ သူ၏ weibo post များသာဖြစ်သည်။ 

ရိုက်ကွင်းသို့ ရောက်သည့်အချိန်၌ ကျယ်ယန်က နောက်ဆုံးအကြိမ် refresh လုပ်ခဲ့ပြီး ချိုးရှင်းသည် system က လုပ်ထားသည့် avatar နေရာတွင် သူ့(ကျယ်ယန်)ဓာတ်ပုံကို အစားထိုး ပြောင်းထားသည်ကို တွေ့လိုက်သည်။ 

ချိုးရှင်း ဘယ်အချိန်က သူ့ပုံကို ရိုက်လိုက်သလဲ သူ မသိ။ ပုံထဲတွင် ကျယ်ယန်သည် ရေကန်ဘေးက မြက်ခင်းပေါ်တွင် ခြေချိတ်ထိုင်နေပြီး ရေကန်အား ကြည့်နေခဲ့သည်။ သူ့လက်များ ဆန့်ထားကာ ရေကိုလှမ်းထိနေပုံပေါ်။

ကျယ်ယန် ရယ်လိုက်သည်။

ထိုပုံသည် သူ ယခင်က post တင်ခဲ့ဖူးသော ရေကန်ကိုငေးကြည့်ကာ ငါးစာကျွေးနေသည့် ချိုးရှင်း၏ ပုံနှင့် သိသိသာသာ ဆင်တူလှသည်။ 

ချိုးရှင်းရဲ့ အတွေးက ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး ဘာလို့ အရမ်း တွေးတက်နေရတာလဲ?

********

အစပြုမှုတွေက လုံးဝရပ်မသွားခဲ့။

ဒီအတောအတွင်း ချိုးရှင်းသည် အချိန်နှင့်အမျှ ရိုက်ကူးရေးအဖွဲ့သို့ ပစ္စည်းများ မကြာခဏပို့လေသည်။ တစ်ခါတစ်ရံ အစားအသောက်၊ တစ်ခါတစ်ရံ နေ့စဉ်အသုံးအဆောင် ပစ္စည်းများ စသည့်ဖြင့် အားလုံးမှာ လက်တွေ့အသုံးဝင်ကာ လူအများအား လက်ခံဖို့ ဝန်မလေးစေပေ။ 

ရိုက်ကူးရေးအဖွဲ့သားများမှာ သကာရည် များစွာလောင်းထားသည့် ကျည်ဆန်များဖြင့် အတုံးအရုန်း တိုက်ခိုက်ခံရလေသည်။ (TN- ခွေးစာကျွေးခံရတာပြောတာ) 

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Where stories live. Discover now