Chapter 104

2.2K 327 7
                                    

Chapter 104

ကျောင်းသို့သွားရာလမ်းတစ်လျှောက် ကျယ်ယန်သည် ချိုးရှင်း၏ ဆံပင်များကို ခဏခဏကြည့်ကာ ထိလိုက်လျှင် ဆံပင်များကျွတ်သွားမလားဟု သိချင်စိတ်ဖြင့် ထိချင်မိသည်။

ချိုးရှင်းသည် ကျယ်ယန်သူ့အား ချောင်းကြည့်​ချိန်၌ ကျယ်ယန်၏ သေးငယ်သောအမူအရာများကို သတိပြုမိပြီး သူ့ထိုင်နေဟန်ကို ချိန်ညှိရင်း အခန့်ညားဆုံးဖြစ်သည်ဟု သူ့စိတ်ထဲခံစားမိသည့် ကိုယ်ဟန်တစ်ခုကိုရွေးလိုက်သည်။ သူ လက်တစ်ဖက်ဖြင့် ဖုန်းကိုကိုင်းရင်း ကုမ္ပဏီ email များကိုဖတ်ကာ ကျန်တစ်ဖက်ဖြင့် ကျယ်ယန်၏လက်ကို ဆုပ်ကိုင်ထားပြီး ခေါင်းမထောင်ဘဲ မေးလိုက်သည်။ “စိတ်လှုပ်ရှားနေလား?”

“စိတ်လှုပ်ရှားတာ?”

ကျယ်ယန်အသိပြန်ဝင်လာကာ ချိုးရှင်း ဘာမေးမှန်းသိသွားသည်။ ချိုးရှင်း၏ သူ့ကိုယ်သူ ဆံပင်ကျွတ်မှန်း သတိထားမိပုံမရသော အသွင်အပြင်ကိုကြည့်ရင်း စက္ကန့်အနည်းငယ် အချိန်ယူပြီးမှ ပြန်ဖြေလိုက်သည်။ “နည်းနည်း”

သူ သဘောထားကြီးစွာနဲ့ ဘွဲ့အခမ်းအနားပြီးတဲ့အထိ စောင့်ပြီးမှပဲ ချိုးရှင်းရဲ့ ဆံပင်ကျွတ်တဲ့ကိစ္စကို ရက်ရက်စက်စက်သတိပေး​တော့​မယ်။ ချိုးရှင်းက ၎င်းကိုကြားတော့ ကျယ်ယန်၏ လက်ကိုဆုပ်ကိုင်ကာ မိဘတစ်ယောက်ကဲ့သို့ နှစ်သိမ့်ပေးလိုက်သည်။ “မစိုးရိမ်ပါနဲ့။ ဘွဲ့အခမ်းအနားလေးပဲဟာကို။ ဘာမှစိတ်ပူစရာမရှိပါဘူး။”

ကျယ်ယန်က သူ့လက်ကို ကိုင်ထားသော ချိုးရှင်းကိုကြည့်ကာ ချိုးရှင်း၏လက်များမှာ ချွေးထွက်နေပြီး email စာမျက်နှာသည်လည်း အချိန်တော်တော်ကြာသည်အထိ မပြောင်းရသေးကြောင်းကို သတိမပြုမိချင်ယောင်ဆောင်ကာ မေးလိုက်သည်။ “ဒါဆို ခင်ဗျားရော စိတ်လှုပ်ရှားနေလား?”

ချိုးရှင်းက ရယ်မောကာ နှာမှုတ်၍ငြင်းလိုက်သည်။ “ကလေးတွေပဲ ဒီလိုပွဲသေးလေးတတ်တာကို စိတ်လှုပ်ရှားမှာ။”

ဟုတ်ပါပြီ၊ ကလေး​​လေးချိုးရယ်။

C တက္ကသိုလ် ရောက်ရန် ၁၀မိနစ်အလိုတွင် နောက်ဆုံး၌ ချိုးရှင်းသည် သူ့ဖုန်းကို ​အောက်ချလိုက်သည်။ သူ့စိတ်ထဲ ကားမှန်တံခါးတွင် ရောင်ပြန်နေသော သူ့ပုံစံသည် သိပ်မမိမိုက်ဟုထင်ကာ သူ့ထိုင်ဟန်ကိုပြောင်းလိုက်ပြီး “ဘွဲ့အခမ်းအနား သေးသေးလေးပါပဲ။ အရမ်းကြီး သားနားနေစရာမလိုပါဘူး။”

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Dove le storie prendono vita. Scoprilo ora