chapter 60
ဖုန်းကျသွားသည်။
ဟယ်ကျွင်းက speaker ဖွင့်ထားသောဖုန်းကို ချလိုက်ပြီး စားပွဲနောက်ဘက်ရှိ ချိုးရှင်းကိုကြည့်လိုက်သည်။ ချိုးရှင်းရဲ့အမူအရာမှာ ထူးဆန်းနေသည်။ သူ့နှုတ်ခမ်းထောင့်မှာ အနည်းငယ်ကွေးနေပြီး ဒေါသထွက်နေပုံပေါ်သလို ပျော်နေပုံလည်းရသည်။ "သူပြောတာ… ကျွန်တော့ခင်ပွန်းတဲ့လား?"
ဟယ်ကျွင်းက ချိုးရှင်းရဲ့ မူမမှန်တဲ့ အမူအရာကို မမြင်ချင်ယောင်ဆောင်ကာ "ဟုတ်ပါတယ် သူဌေးလေးက အခုပဲ ဖုန်းထဲမှာ အဲ့လိုပြောသွားတာပဲ"
"ငါကသူ့ခင်ပွန်းတဲ့လား?"
"ဥပဒေအရတော့ သူဌေးက သူဌေးလေးရဲ့ ခင်ပွန်းပါပဲ"
ချိုးရှင်းက အတော်ကြာအောင် တိတ်ဆိတ်သွားသည်။
"ဟမ့်!" သူရုတ်တရက် စားပွဲခုံကိုရိုက်လိုက်ကာ "ရိုးရိုး ရောင်းသူ ဝယ်သူ ဆက်ဆံရေး?"
ဟယ်ကျွင်း ဘာမှပြန်မဖြေခဲ့ပါ။
ချိုးရှင်းက တစ်ခုခုတွေဝေသွားရင်း "အဲ့ပါးစပ်က ဘာမဆိုပြောရဲနေတာပဲ။ အရှက်ကိုမရှိဘူး!"
ဟယ်ကျွင်းခေါင်းငုံ့နေလိုက်သည်။ နောက်ထပ်ခနလောက် တိတ်ဆိတ်သွားပြီးနောက် ချိုးရှင်းက ရုတ်တရက်မတ်တပ်ထရပ်ကာ မြန်မြန်ထွက်သွားသည်။
ဟယ်ကျွင်းက ချိုးရှင်းရဲ့ဖုန်းကို ကောက်ယူလိုက်ပြီး နောက်မှလိုက်ကာမေးသည်။ "သူဌေး ဘယ်သွားလို့မလဲဗျ။ ခနနေ အစည်းအဝေးရှိတယ်လေ"
ချိုးရှင်းရပ်လိုက်ပြီး ဒေါသထွက်စွာ စားပွဲဆီသို့ပြန်လာထိုင်ကာ မျက်နှာချင်းဆိုင်က ယန်ရှင်းအဆောက်အအုံကို တစ်ချက်ကြည့်၍ အမိန့်ပေးလိုက်သည်။ "အေးဂျင့်ကို ရုန်တင်းကို ၃ နာရီကျ ခေါ်လာခဲ့လို့ အဲ့ကောင်စုတ်လေးကို သွားပြောလိုက်။ တစ်နာရီပဲ အချိန်ရမယ်။ မစောင့်ရစေနဲ့!"
ဟယ်ကျွင်းသက်ပြင်းချကာ ခိုင်းတာကိုမြန်မြန်သွားလုပ်တော့သည်။
နေ့ခင်း ၃ နာရီတွင် ကျယ်ယန်သည် ချင်းချန်ကို ရုန်တင်းရဲ့ ကားပါကင်မှ ၉ထပ်သို့ သီးသန့်ဓာတ်လှေကားဖြင့် ခေါ်လာခဲ့သည်။ ဟယ်ကျွင်းက ဧည့်ကြိုခန်းတွင် စောင့်နေပြီး ဓာတ်လှေကားထဲမှ ကျယ်ယန်ထွက်လာသည်ကိုမြင်သောအခါ ရှေ့သို့မြန်မြန်သွားကာ ပြောလိုက်သည်။ "သူဌေးက အရေးကြီးစာရွက်စာတမ်းတွေ စစ်ဆေးနေပါတယ်။ ခနနေထွက်လာပါလိမ့်မယ်။ သူဌေးလေး ထိုင်ပါဦးခင်ဗျ။"

YOU ARE READING
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasyစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...