Chapter 88

1.9K 325 4
                                    

Chapter 88

အဆုံးသတ်တွင်တော့ ဝူရွှေ့သည် ကြမ်းပြင်တွင်မအိပ်ခဲ့ရပေ။ ချိုးရှင်းသည် သူ၏လွှမ်းမိုးချုပ်ကိုင်လိုသည့်ရောင်ဝါကို ရှားရှားပါးပါးပြသခဲ့ပြီး ဝူ​ရွှေ့နှင့်ချင်းချန်တို့အား မဲမှောင်နေသောမျက်နှာဖြင့် မောင်းထုတ်ကာ ကျယ်ယန့်အား ကျယ်ယန်၏အခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။

တံခါးကိုဖြတ်ဝင်သွားပြီးနောက် ကျယ်ယန်သည် ချိုးရှင်းအားလှည့်ကြည့်လိုက်သည်။ သူ့လက်များသည် ကုတ်အင်္ကျီအိတ်ကပ်ထဲရှိနေပြီး သူ့မျက်နှာသည် အမူအရာမဲ့ကာ တိတ်ဆိတ်နေသည်။ 

ချိုးရှင်းသည် ကျယ်ယန်ကိုကြည့်နေရင်း သူ၏မဲမှောင်နေသောမျက်နှာသည် ပြေလျော့သွားကာ ရှေ့တိုး၍ ကျယ်ယန်အားဖက်လိုက်သည်။ ကျယ်ယန်၏ခန္ဓာကိုယ်သည် တုတ်တစ်ချောင်းကဲ့သို့တောင့်တင်းနေကာ ပူးပေါင်းဆောင်ရွက်မှုမရှိပေ။  

ချိုးရှင်းသည် ကျယ်ယန်၏အသံတိတ်ခုခံမှုကို အာရုံခံမိသွားပြီး ရယ်မောလိုက်သည်။ သူ့လက်ကိုမြှောက်၍ ကျယ်ယန်၏ခေါင်းကိုပွတ်ကာ ပြောလိုက်သည်။ "မင်းရဲ့ခေါင်းထဲမှာ အထိန်းအကွပ်မဲ့တဲ့အရာတွေ နေ့တိုင်းဘယ်လောက်ရှိနေသလဲ ကိုယ်မသိတော့ဘူး…... ကျယ်ယန်၊ ကိုယ်တို့ အရင်ညက တကယ်တော့ ဘာမှမဖြစ်ခဲ့ဘူး။ ဟုတ်တယ်မလား?"

အိပ်ခန်းငယ်အတွင်းရှိ ပုံဖျက်ထားသာအခြေအနေများသည် အလွန်မသေသပ်ပေ။ ကျယ်ယန်က ထိုပုံရိပ်ယောင်များသည် ချိုးရှင်းအား ကြာမြင့်အောင်လှည့်စားနိုင်မည်မဟုတ်မှန်းသိလေ၏။ အစကတည်းက သူ့ရည်ရွယ်ချက်မှာ ချိုးရှင်းအား လှည့်စားရန်မဟုတ်ဘဲ ချိုးရှင်း၏အကြောက်တရားများ နောက်ပြန်ဆုတ်သွား​အောင်​​ပြုလုပ်ရန်ဖြစ်သည်။ သူ့မျက်လုံးများပင့်ကြည့်ကာ မေးလိုက်သည်။ "မှန်းကြည့်လေ?"

"..........." ချိုးရှင်းသည် ကျယ်ယန်၏ခေါင်းကို ထပ်မံပွတ်သပ်ကာ ရုတ်တရက် ပြောလိုက်သည်။ "ကျယ်ယန်၊ ကိုယ်တောင်းပန်ပါတယ်။"

ကျယ်ယန် တစ်ခဏတန့်သွားသည်။

"ကိုယ်မင်းကို အရမ်းခက်ခဲစေမိပြီး ဒီအခြေအနေထိရောက်အောင် တွန်းပို့မိသွားတယ်။ တောင်းပန်ပါတယ်။"

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Wo Geschichten leben. Entdecke jetzt