Chapter 97
နှစ်နာရီကျော်ကြာပြီးနောက် ချိုးရှင်း၏ခန္ဓာကိုယ် လှုပ်ရှားလာသည်။ ကျယ်ယန်သည် ဖုန်းကို မြန်မြန် ပိတ်ကာ ခေါင်းအုံးအောက်မြန်မြန်ဖွက်လိုက်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
မွေ့ရာကာ လှုပ်ရှားသွားပြီး သူ့ကိုယ်ပေါ်ရှိ ချိုးရှင်း၏လက်များပြေလျော့သွားကြောင်း ကျယ်ယန်သိလိုက်သည်။ သူ့နှဖူးပေါ်ရှိဆံပင် ပွတ်သပ်ခံလိုက်ရပြီး စက္ကန့်နည်းနည်းကြာပြီးနောက် သူ့နှုတ်ခမ်းများတွင် ယားယံလာသည်။
ကျယ်ယန် မျက်လုံးဖွင့်ကာ "ကြွက်ကြီး"
(TN-ဟုတ်ကဲ့ ချိုးချိုးက ဆံပင်သပ်ပေးပြီး ခိုးနမ်းနေတာ လူမိသွားတာပါ။)
"........."
ချိုးရှင်းခမျာ တောင့်တောင့်ကြီးနောက်ပြန်ဆုတ်သွားပြီး ကျယ်ယန်၏ အကြည့်နှင့်ဆုံသွားသည်။ သူ့လက်မောင်းကိုအားပြုကာ အိပ်ယာမှထရန်ပြင်လိုက်သည်။ ၎င်းကို
ကျယ်ယန်၏လျင်သောမျက်စိက ချက်ချင်းသတိပြုမိလိုက်ပြီး ချိုးရှင်းကို ဖမ်းဆုပ်လိုက်ကာ အခြေအနေကိုပြောင်းပြန်လှန်လိုက်သည်။
လေထုသည် ထပ်မံ၍အထိန်းအကွပ်မဲ့လုနီးပါးဖြစ်သွားသည်။
ကျယ်ယန်သည် ချိုးရှင်း၏နားရွက်ကို ညှစ်လိုက်သည်။
ချိုးရှင်း၏အာဒမ်ပန်းသီးလေး လျှင်မြန်စွာလှုပ်ရှားသွားပြီး နောက်ဆုံး မနေနိုင်တော့ဘဲ ကျယ်ယန့်လက်ကိုဆုပ်ကိုင်လိုက်ကာ သူ့အား ပြန် 'အနိုင်ကျင့်' ရန် ပြင်လိုက်သည်။ ကျယ်ယန်သည် ချိုးရှင်း၏ ပြောင်းလဲမှုကို အာရုံခံမိပြီး ချက်ချင်းပြန်ဆုတ်လိုက်သည်။ သူ အိပ်ယာထဲမှထကာ အဝတ်အစားများ သပ်သပ်ရပ်ရပ်ပြန်ပြင်လိုက်ပြီး ချိုးရှင်းအားပြောလိုက်သည်။ "ကျွန်တော့်အဝတ်အစားနဲ့ accessories တွေ ဓာတ်ပုံရိုက်ပြီး ချင်းချန်ကိုပို့ပေးရဦးမယ်။ ကျွန်တော် အရင်သွားနှင့်ပြီနော်။" ထို့နောက် သူ့ပစ္စည်းများကောက်ကာ အဝေးပြေးသွားတော့သည်။
ဘန်း!
တံခါးပိတ်သွားသည်။
ချိုရှင်းသည် ကျယ်ယန်၏တွန်းထုတ်ခြင်းခံလိုက်ရသဖြင့် အိပ်ယာပေါ်၌ တဝက်မှီအနေအထားအတိုင်းလေး ကျန်ရစ်နေခဲ့သည်။ ထို့နောက်လက်တစ်ဖက်မြှောက်ကာ သူ့မျက်လုံးများကိုဖုံးအုပ်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှူကာ ခေါင်းအုံးကိုထုလိုက်သည်။

ESTÁS LEYENDO
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasíaစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...