Chapter 103
ယခုတစ်ခေါက် သူ ဘွဲ့ယူဖို့ B city ကိုပြန်လာခဲ့သည်။ ကံကောင်းချင်တော့ ဘွဲ့ယူမည့်ရက်က ရိုက်ကူးရေးနားရက်ဖြစ်နေသောကြောင့် ဒါရိုက်တာထံမှ ခွင့်တောင်းစရာမလိုခဲ့ပေ။
ကျယ်ယန်က ဝူရွှေ့အား B city သို့ ဘွဲ့မယူခင်ည လေယာဉ်လက်မှတ်နှင့် N city သို့ ဘွဲ့ယူတဲ့နေ့ည အပြန်လေယာဉ်လက်မှတ် ဖြတ်ခိုင်းခဲ့သည်။ အချိန်ကအရမ်းကြပ်နေသော်လည်း လက်တလောမှာ ရိုက်ကူးရေးလုပ်ငန်းစဉ်များကလည်း အပြေးအလွှားဖြစ်နေသည်လေ။ ဒုတိယဇာတ်လိုက်မင်းသားတစ်ယောက်အနေနှင့် သူက ဇာတ်ဝင်ခန်းများစွာပါဝင်ရသဖြင့် လူတိုင်း၏အလုပ်ကို မနှောင့်နှေးစေရန်အတွက် ကျယ်ယန်အနေဖြင့် ဤသို့သာ စီစဉ်ရတော့မည်။
ချိုးရှင်းက ကျယ်ယန်၏အပြေးအလွှားခရီးစဉ်အား သဘောမတူချင်သော်လည်း ကျယ်ယန်၏အလုပ်အစီအစဉ်များကို ဝင်ရောက်နှောက်ယှက်ခြင်းမပြုပေ။
ဘွဲ့ယူမည့်နေ့မတိုင်ခင် ဒါရိုက်တာကျိုးသည် မနက်ပိုင်းတွင် ကျယ်ယန်၏ ရိုက်ကွက်များအားလုံးကို တမင်အာရုံစိုက်ရိုက်ကူးကာ ကျယ်ယန်အား ရိုက်ကူးရေးမှ စောစောပြန်ခိုင်းလိုက်သည်။
ကျယ်ယန်သည် ဒါရိုက်တာကျိုးနှင့် သူ့အားဘွဲ့ရသောကြောင့် ဂုဏ်ပြုလာသူများအား ကျေးဇူးတင်စကားဆိုပြီး ဟိုတယ်ကိုပင်မပြန်တော့ဘဲ လေဆိပ်သို့ တန်းသွားခဲ့သည်။
လေဆိပ်သို့ရောက်သည်နှင့် ကျယ်ယန်သည် ကံကောင်းထောက်မစွာပင် b city သို့သွားမည့် နောက်လေယာဉ်နှင့် ပြောင်းလို့ရခဲ့သည်။ ညနေ ၄ နာရီတွင် b city သို့ လေယာဉ်ဆိုက်သဖြင့် ယခင်သူထင်ထားတာထက် နာရီအနည်းငယ် စောရောက်သွားသည်။
ဟယ်ကျွင်းက သူ့ကို ကြိုဖို့ ကားတစ်စီး တိတ်တဆိတ်လွှတ်လိုက်သည်။ ကျယ်ယန်ကားထဲရောက်တော့ mask ကို ချွတ်ကာ ဟယ်ကျွင်းအား လှမ်းမေးလိုက်သည်။ “ချိုးရှင်းရော?”
“သူဌေးက စာရွက်စာတမ်းတွေ အတည်ပြုနေတယ်။ ဒီနေ့ သူဌေးက တစ်မနက်လုံး အလုပ်ကိုပဲ အထူးအာရုံစိုက်နေခဲ့တာ။ ညနေကျ လေဆိပ်မှာ အလုပ်စောစောဆင်းပြီး သူဌေးလေးကိုလာကြိုဖို့ စီစဉ်ထားတာလေ။”

VOUS LISEZ
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasyစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...