Chapter 90
စွမ်းအားများသည် ဝမ်ယောင်ဆီသို့ မျောလွင့်သွားပြီး ဝမ်ယောင်၏ဦးနှောက်ထဲသို့ ဖြေးညှင်းစွာဝင်ရောက်သွားသည်။ ပြင်ပမှတစ်စုံတစ်ခုကို ဝါးမြိုလိုက်ရသည့် ခံစားချက်ပေါ်ထွက်လာသည်။ ဝမ်ယောင်ရဲ့ဦးနှောက်ထဲမှာ ရွှေလက်ချောင်းရဲ့အကျန်တွေ အမှန်တကယ်ကိုရှိနေခဲ့တာပဲ။ ဝမ်ယောင် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး ခေါင်းငုံ့ကာ လက်တစ်ဖက်ဖြင့် နှဖူးကိုဖိလိုက်သည်။
ဒါရိုက်တာကျိုးက ဝမ်ယောင်၏လှုပ်ရှားမှုကို သတိထားမိသွားပြီး မေးလိုက်သည်။ "ဘာဖြစ်တာလဲ?"
ဝမ်ယောင်သည် အမူအရာကို မြန်မြန်ဖြေလျော့လိုက်ပြီး ပါးစပ်ကိုလက်ဖြင့်ကာကာ အနည်းငယ်သန်းလိုက်သည်။ ထို့နောက် အနည်းငယ်ရှက်ရွံ့စွာ ပြန်ဖြေလိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ ရုတ်တရက်နည်းနည်းနာအူသွားရုံပါ။"
ဒါရိုက်တာကျိုးက သူမကို ညွှန်ကြားလိုက်သည်။ "ပိုပြီး ဂရုစိုက်ကြပါ။ ရိုက်ကူးရေးမစခင် ကျန်းမာရေးပြသနာတွေ မရှိစေနဲ့။"
ဝမ်ယောင်နှင့် ကောင်းရွှမ်းဟန်တို့ တစ်ပြိုင်တည်း ခေါင်းငြိမ့်လိုက်ကြသည်။
ဝမ်ယောင်၏ ကျယ်ယန့်အပေါ် ရန်စခနဲ့တဲ့မှုများ ရပ်တန့်သွားသည်။ ထို့နောက် ကျယ်ယန်သည် လက်ထောက်ဒါရိုက်တာများနှင့် ဇာတ်ညွှန်းရေးဆရာတို့ကို သွားနှုတ်ဆက်လိုက်ရင်း ဘေးတွင်ထိုင်နေသော ဒုတိယအမျိုးသမီးဇာတ်ဆောင် ဝမ်းဟန်နှင့် တတိယအမျိုးသားဇာတ်ဆောင် မန်ဖေးတိတို့နှင့် တွေ့ဆုံခဲ့သည်။
ဝမ်းဟန်သည် အသက်သုံးဆယ်ရှိပြီဖြစ်ပြီး စွဲမက်ဖွယ် အသွင်အပြင်ရှိသည်။ ဇာတ်ညွှန်းထဲတွင် သူမသည် ဆိုးဝါးသောနောက်ခံနှင့်အတွေ့အကြုံရှိသော အဆိုတော်တစ်ယောက်အဖြစ် ပါဝင်သည်။ သူမသည် သိက္ခာရှိရှိဘဝကိုရှင်သန်နေထိုင်ခဲ့သော်လည်း ဝမ်းနည်းဖွယ်သေဆုံးခဲ့ရသည်။ သူမ၏ကိုယ်ကျင့်တရားသည် သူမ၏ဆွဲဆောင်မှုရှိသောအသွင်အပြင်နှင့် မတူညီပေ။ သူမသည် အလွန်တိတ်ဆိတ်ပြီး ကြင်ကြင်နာနာ ပြောဆိုတတ်သောကြောင့် လူအများ၏အမြင်တွင် ကောင်းမွန်သည့်သူတစ်ယောက်ဟု ခံစားရစေသည်။
![](https://img.wattpad.com/cover/335104708-288-k49769.jpg)
KAMU SEDANG MEMBACA
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasiစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...