Chapter 100

2.6K 447 18
                                    

Chapter 100

မနေ့ကနှင့် ယှဉ်လျှင် ကျယ်ယန်သည် သူ့စွမ်းအင်အူတိုင်ထဲတွင် စွမ်းအားများ ပိုမိုများပြားလျက်ရှိသော်လည်း သူ့စွမ်းအားကို မနေ့ကထက်ပင် အနည်းငယ် ပိုသတိရှိရှိစုစည်းလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ပွဲထဲတွင် မုကျိုးယိကို အရင်မတွေ့ဘဲ သူ့စွမ်းအင်ကို သူမအပေါ် ကြိုတင်အစပျိုးထားခွင့် မရခဲ့သောကြောင့်ဖြစ်သည်။ သူမ အဆိပ်အတောက်တွေ ဖြန့်ဝေနေသည်ကို သူ့အ​နေဖြင့်ကာကွယ်တားဆီးလိုပါက သူ့စွမ်းအားများကို ထိန်းချုပ်ကာ မုကျိုးယိခန္ဓာကိုယ်အား စုံစမ်းထောက်လှမ်းရန်လိုအပ်ပေသည်။ အန္တရာယ်တစ်စုံတစ်ရာရှိ မရှိ မသိရသောကြောင့် သူ့အနေဖြင့် ဂရုစိုက်ရန်လိုအပ်သည်။

ပဏာမတီးလုံးသံစဉ် စတင်လာသည်။ မုကျိုးယိ သီဆိုရန်ရွေးချယ်ထားသော သီချင်းသည် ယွမ်ဖန်၏ နာမည်ကျော်သီချင်းတစ်ပုဒ်ဖြစ်သည့် 'အဝေးက လေပြေ' ဖြစ်သည်။ ၎င်းသည် ခံစားချက်အပြည့်ပါဝင်သည့် သီချင်းအေးအေးတစ်ပုဒ်ဖြစ်ပြီး အသံပါဝါ ပိုမိုလိုအပ်သည်။ 

ကျယ်ယန့်လက်ချောင်းများကို အနည်းငယ်လှုပ်ရှားလိုက်ပြီး သူ့စွမ်းအားများကို ကြိုးအရှည်တစ်ခုအသွင် ထုတ်လွှင့်လိုက်ပြီး ထိုင်ခုံမှ ကြမ်းပြင်တစ်လျှောက် စဉ်မြင့်ဘက်သို့ ဦးတည်၍ နောက်ဆုံး မုကျိုးယိ၏ဂါဝန်ပေါ်သို့ တတ်သွားစေသည်။ 

မုကျိုးယိ သီချင်းစတင်သီဆိုနေပြီဖြစ်သည်။ သူမ၏ နူးညံ့အေးစက်သောအသံ ထွက်ပေါ်လာပြီး လူတိုင်း၏အာရုံကို အလျင်အမြန်ဖမ်းစားသွားသည်။ 

သီချင်းကို ကြားလိုက်ရသည့်အခိုက်အတန့်၌ ကျယ်ယန်၏ စွမ်းအင်အူတိုင်သည် ခေတ္တမျှ တုန်လှုပ်သွားသည်။ သူ့စွမ်းအားလှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး လက်မြှောက်၍ သူ့ခေါင်းကို ထောက်ကာ သူ့အခြေအနေကို တည်ငြိမ်အောင်လုပ်လိုက်သည်။ ထို့နောက် သူ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ လူတိုင်းက စင်ပေါ်ရှိ မုကျိုးယိကို အာရုံစိုက်ကာ ကြည့်နေကြသည့်ပုံစံကို မြင်လိုက်ရသည်။ လက်ရှိအချိန် မုကျိုးယိ၏ပုံစံသည် သင်္ဘောသားများအား ထောင်ချောက်ထဲရောက်အောင် ဆွဲဆောင်ခေါ်ယူနေသော ဆိုင်ရန်တစ်ကောင်နှင့် တူနေသည်။ လှပသော်လည်း အန္တရာယ်များသည်။ (TN- ဆိုင်ရန်ဆိုတာ ဇာတ်ကားတွေမှာကြည့်ဖူးလားတော့မသိဘူး ပင်လယ်ထဲက သင်္ဘောသားတွေကို သူတို့အနားရောက်လာအောင် အသံပေးပြီး ညှို့ခေါ်တတ်တဲ့ မကောင်းဆိုးဝါးလို သတ္တဝါကိုပြောတာ။ အပေါ်ယံကြည့်ရင်တော့ လှပေမယ့် ထောင်ချောက်မိသွားရင် သေပြီသာမှတ်)

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Tempat cerita menjadi hidup. Temukan sekarang