Chapter 78
ကျယ်ယန် မနက်နိုးလာတော့ ချိုးရှင်းသည် အခန်းထဲတွင် မရှိတော့ပေ။ အိပ်ယာဘေးစားပွဲပေါ်တွင် စာအိတ်နီတစ်အိတ်ရှိနေသည်။ စာအိတ်နီ၏ရှေ့ဘက်တွင် 'ကျယ်ယန်' ဟူသော စာလုံးနှစ်လုံးရေထားသည်။
ကျယ်ယန်သည် စာအိတ်နီကိုကောက်ယူကာ ၎င်းပေါ်ရှိစာလုံးများကိုထိလိုက်သည်။ စာအိတ်နီကိုဖွင့်လိုက်ရာ ကတ်တစ်ကတ်ထွက်ကျလာသည်။ ဒီတစ်ကတ်ပါထည့်တွက်ပါက ချိုးရှင်းသူ့အားပေးထားသောကတ်အရေအတွက်မှာ ၃ကတ်ရှိပြီဖြစ်သည်။ ဒါက အရမ်းရက်ရောလွန်းတာမဟုတ်ဘူးလား?
ကျယ်ယန်သည် သဘောကျသွားပြီး ထရပ်ကာ ခရီးဆောင်အိတ်ဆီလျှောက်သွားသည်။ သူစာအိတ်နီကို အိတ်ထဲသို့ဂရုတစိုက်ထည့်လိုက်ပြီး သူပြင်ဆင်ထားသောလက်ဆောင်ကို အိတ်အောက်ခြေမှထုတ်လိုက်သည်။ ထို့နောက် သူထရပ်ကာ အခန်းကိုလှည့်ပတ်ကြည့်ရှု့လိုက်ပြီး နောက်ဆုံးတွင် လက်ဆောင်ကို ချိုးရှင်း၏ကုတ်အင်္ကျီအိတ်ကပ်ထဲတွင်ထားရန် ရွေးချယ်လိုက်သည်။
မနက်စာစားချိန်တွင် ချိုးရှင်းသည် ကျယ်ယန်အား တစ်ချိန်လုံး လှမ်းလှမ်းကြည့်နေသည်။ သူတစ်ခုခုပြောချင်နေသော်လည်း ထိန်းချုပ်ထားသည်။ ကျယ်ယန်သည် သံသယဝင်နေသည့်အကြည့်ဖြင့် တမင်တကာ ပြန်ကြည့်လိုက်သည်။ ချိုးရှင်းသည် ကျန်သည့်မနက်စာစားချိန်တွင် ဒေါသထွက်နေသည့်အမူအရာသာ ပြုလုပ်ထားတော့သည်။ မနက်စာစားပြီးနောက် မားမားချိုးသည် ချိုးရှင်းနှင့် ကျယ်ယန်အား စာအိတ်နီတစ်အိတ်စီပေးလေသည်။ ချိုးရှင်းသည် စာအိတ်နီကို ကျယ်ယန်၏ရှေ့တွင် တမင်တကာ တွဲလောင်းကိုင်ပြနေသည်။ ကျယ်ယန်သည် ဘာမှမသိချင်ယောင်ဆောင်ကာ မားမားချိုးအား အပြုံးတစ်ပွင့်ဖြင့် ကျေးဇူးတင်ကာ စာအိတ်နီကို သူ့အိတ်ကပ်ထဲထည့်လိုက်သည်။
"..........."
ချိုးရှင်းသည် ပြင်းပြင်းထန်ထန်ချောင်းဟန့်ပြသည်။
ကျယ်ယန်သည် စိုးရိမ်စွာဖြင့် "ခင်ဗျားရဲ့လည်ချောင်းက အဆင်မပြေလို့လား??"
ချိုးရှင်းသည် စာအိတ်နီကိုင်ထားသောသူ့လက်ကိုမြှောက်ပြကာ သူ့လည်ပင်းကိုထိလိုက်ပြီး ခေါင်းခါလိုက်သည်။ ထို့နောက် သူ ကျယ်ယန်အားတည့််တည့်ကြည့်လိုက်သည်။

KAMU SEDANG MEMBACA
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasiစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...