Chapter 61
အိမ်အပြန်လမ်းပေါ်တွင် ချိုးရှင်းက မျက်လုံးမှိတ်၍လိုက်လာသည်။ ကျယ်ယန်သည် ချိုးရှင်းနှင့် စကားမများဘဲ wechat တွင် ချင်းချန်နှင့် အလုပ်ကိစ္စပြောရာတွင်သာ အာရုံစိုက်ထားသည်။ ချင်းချန်က အလွန်လုပ်ရည်ကိုင်ရည်ရှိသူဖြစ်သည်။ သူသည် ဟူပျောင်းထံမှ အလုပ်အားလုံးလွှဲယူပြီးဖြစ်ကာ ကျယ်ယန်၏ အနုပညာလမ်းကြောင်းနှင့်ပတ်သက်၍ ခွဲခြမ်းစိတ်ဖြာဆွေးနွှေးနေသည်။
ချင်းချန်: အနုပညာရှင်တစ်ယောက်က အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်မထိန်းထားနိုင်ရင် သူ့စန်းက မကြာခင်ကျသွားမှာပဲ။ မင်းက လူကြိုက်များတဲ့လမ်းကြောင်းကို မလိုက်ချင်ဘူးဆိုတော့ ဒီလောကမှာ ခြေကုတ်ခိုင်အောင်ယူထားရမယ်။ သိပ်မကြာခင် အယ်လ်ဘမ်သစ်စထုတ်မှဖြစ်မယ်။
ချင်းချန်: ပြီးတော့ မင်းရဲ့အလုပ်နဲ့ သူဌေးဆိုတဲ့အဆင့်အတန်းကိုသုံးပြီး မင်းရဲ့နိမ့်နေတဲ့အနုပညာလှုပ်ရှားမှုတွေကိုလျှော့ချဖို့ 'ထိပ်တန်းအဆင့် ပွဲဦးထွက်ခြင်း' ဆိုတဲ့ မြင့်မားတဲ့လမ်းကြောင်းဖြစ်အောင် ဖော်ဆောင်ရမယ်။ ငါမင်းကို အရည်အသွေးမြင့်တဲ့ ရင်းမြစ်တွေပဲပေးမယ်။ ဒီနည်းနဲ့ မင်းနဲ့ ကုမ္ပဏီရဲ့အခြားအဆိုတော်တွေကြားမှာ ရင်းမြစ်အတွက် ယှဉ်ပြိုင်ရမယ့်ကိစ္စများကို ဖြေရှင်းပြီးသားဖြစ်သွားမယ်။ မင်းဘယ်လိုထင်လဲ?။
ကျယ်ယန်က အတော်ဖြစ်နိုင်ချေရှိတယ်လို့ ခံစားရတယ်။ "အကယ်၍ အလုပ်တွေပုံနေတာမျိုးမဟုတ်ဘူးဆိုရင် အိုကေတယ်။"
ချင်းချန်က ခေတ္တမျှတိတ်ဆိတ်သွားပြီး စာပြန်လာသည်။
ချင်းချန်: မင်းသာ ဒီလမ်းကြောင်းကို ကောင်းကောင်းလျှောက်မယ်ဆိုရင် တစ်ဆင့်ထဲနဲ့ထိပ်ဆုံးရောက်သွားမယ်လို့ ကြိုပြောလို့တောင်ရတယ်။ ဒါပေမယ့် အဲ့လိုလုပ်ဖို့ဆိုရင် မင်းခွန်အားနဲ့ လုပ်ဆောင်ချက်တွေက ခိုင်မာပြီးကောင်းမွန်ဖို့လိုတယ်။
ချင်းချန်: မင်းရဲ့'ထိပ်တန်းအဆင့်ပွဲဦးထွက်ခြင်း'က လူထုအသိအမှတ်ပြုရလောက်အောင် ကောင်းမွန်နေမယ်ဆိုရင် လူသစ်ဖြစ်နေလည်း ရင်းနှီးမြှုပ်နှံသူနဲ့ အကျိုးတူပူးပေါင်းသူတွေက အရည်အသွေးမြင့်အလုပ်တွေ ကမ်းလှမ်းကြမှာပဲ။ ငါမင်းကို တော်တော်များများကူညီလို့ရပေမယ့် အလုပ်နဲ့ကိစ္စတွေမှာတော့ ကိုယ့်အားကိုယ်ကိုးမှပဲရမယ်။
ŞİMDİ OKUDUĞUN
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantastikစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...
