Chapter 91

1.8K 306 3
                                    

Chapter 91

နာရီဝက်ကြာပြီးနောက် ကောင်းရွှမ်းဟန်နှင့် ဝမ်ယောင်တို့၏အပြိုင်ဇာတ်ကွက်က ရိုက်ကူးပြီးသွားသည်။ ကျယ်ယန်စင်ပေါ်တတ်ရမယ့်အလှည့်ကျလာပြီး သူ့ဘဝတွင် ပထမဆုံးရိုက်ကွင်းကို ဝမ်ယောင်နှင့်အတူစတင်ရိုက်ကူးတော့သည်။ 

၎င်းသည် emotional scene တစ်ခုဖြစ်ပြီး လျှိုရွှယ်က စုကျင်းမော့ သူမကို လက်ထပ်ရန်ငြင်းပယ်သည်အား ကြားသွားသည့်အခန်းဖြစ်သည်။ သူမဝမ်းနည်းသွားပြီး စုကျင်းမော့အား အကြောင်းရင်းကိုမေးလေသည်။ လျှိုရွှယ်သည် စုကျင်းမော့ကဲ့သို့ နီးစပ်သည့်ဆွေမျိုးချင်းလက်ထပ်သည့် အန္တရာယ်ကိုမသိပေ။ သူမသည် စုကျင်းမော့ကအကြောင်းပြနေသည်ဟုသာထင်သည်။ သူမက စုကျင်းမော့ ထုတ်ယူလာသော သိပ္ပံစာအုပ်များကို နားလည်မှုလွဲကာ စုကျင်းမော့အား ပါးရိုက်၍ ထွက်သွားခဲ့သည်။

ကျိုးဟွိုင်ရန်သည် ကျယ်ယန်နှင့် ဝမ်ယောင်တို့ကို ဒီရိုက်ကွက်အကြောင်း ရှင်းပြနေသည်။ "ဒီအခန်းက စိတ်ခံစားချက်တွေ ပဋိပက္ခဖြစ်တဲ့အခန်းပဲမဟုတ်ဘူး။ ခေတ်သစ်နဲ့ ခေတ်ဟောင်းကြား သေးငယ်တဲ့အတွေးအခေါ်ကွဲလွဲမှုအကြောင်းလည်းဖြစ်တယ်။ မင်းရဲ့ကိုယ်ဟန်အနေအထားက တစ်ဖက်သူရဲ့ ပညာရေးအပေါ် မင်းဘယ်လိုခံစားနေရလဲဆိုတာကိုလည်း ပြနေရမယ်။ ဝမ်ယောင်၊ ဒီနေရာမှာ မင်းရဲ့စိတ်ခံစားချက်တွေကို​ ဖြေလျှော့ထားရမယ်။ ဒါပေမယ့် တစ်ချို့ကိုလည်း တင်းခံထားဆဲဖြစ်နေသင့်တယ်။ မင်းသင်ကြားရခဲ့တဲ့ပညာရေးက မင်းရဲ့စိတ်ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြသခွင့်မပြုဘူး။ နားလည်ပြီလား?"

ဝမ်ယောင်ခေါင်းငြိမ့်လိုက်သည်။

ကျိုးဟွိုင်ရန်သည် ကျယ်ယန့်ကိုလည်းကြည့်ကာ "ကျယ်ယန်၊ အရိုက်ခံရပြီးတဲ့နောက်မှာ မင်းမျက်လုံးတွေက ပိုပြီးသိမ်မွေ့သွားသင့်တယ်။ အဲ့ကစပြီး မင်းသဘောပေါက်သွားရမှာက မင်းအိမ်က မင်းမှတ်ဉာဏ်ထဲကလို လုံခြုံတဲ့ဆိပ်ကမ်းမဟုတ်တော့ဘဲ လူတိုင်းကိုဆွဲချမယ့် ထောင်ဖြစ်နေတယ်ဆိုတာပဲ။ မင်းစတင်ကြီးပြင်းလာပြီး လူတိုင်းကို ပြောင်းလဲပစ်ချင်တယ်။ မင်းမျက်ဝန်းတွေက မင်းရဲ့အတွင်းစိတ်ပဋိပက္ခနှင့်ခံယူချက်ကိုဖော်ပြရမယ်။ နားလည်လား?"

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Donde viven las historias. Descúbrelo ahora