Chapter 79

1.9K 328 2
                                    

Chapter 79

ည၈နာရီတွင် 'ကျန်းကျီ' ၏ တရားဝင်ဗားရှင်းသည် ဆိုရှယ်ပလက်ဖောင်းအားလုံးပေါ်တွင် အဆက်မပြတ်ထုတ်လွှင့်နေသည်။ တစ်ချိန်ထဲမှာပဲ B city Tv ၏ နှစ်သစ်ကူးအကြိုပါတီတွင် ကျယ်ယန်သီဆိုခဲ့သော 'ပြန်လည်မွေးဖွားခြင်း' ဗားရှင်းကိုလည်း ရေတပ်အကောင့်တစ်ခုက တည်းဖြတ်ခဲ့ပြီးနောက် hot list သို့ တိတ်တိတ်လေး တက်လှမ်းသွားခဲ့သည်။

weibo တွင် လူတိုင်း၏အာရုံသည် ဟဲရူမင်ဖော်ထုတ်ခဲ့သော chat မှတ်တမ်းများအပေါ်တွင်သာ ရှိနေဆဲဖြစ်သည်။ ထိုသီချင်းသည် စစထုတ်လွှင့်ချိန်တွင်  အလွန်ရေပန်းမစားဘဲ ဖန်များအကြား အောင်ပွဲတစ်ခုသာဖြစ်သည်။ ထို့နောက် 'ကျန်းကျီ' ၏ သီချင်းကိုနား​ထောင်သည့်အ​ရေအတွက်သည်​ သာမန်မျက်စိဖြင့် မြင်နိုင်သောအရှိန်ဖြင့် အလျှင်အမြန် တိုးတတ်သွားတော့သည်။ ကျယ်ယန်၏ 'ပြန်လည်မွေးဖွားခြင်း' ဗားရှင်းသည်လည်း လူကြိုက်များမှုနေရာ၏ ရှေ့တန်းသို့ရောက်သွားပြီး မုကျိုးယိ၏ 'အမိမြေကိုသတိရခြင်း' ဗီဒီယို၏အောက်တွင် ရှိနေသည်။

ဖရဲသီးစားသည့်ပတ်ဝန်းကျင်တွင် ကျယ်ယန်၏ နာမည်ပေါ်လာပြီး ဖရဲသီးစားသူအများအပြား၏အာရုံကို ဆွဲဆောင်သွားသည်။ သိပ်မကြာခင် #ကျယ်ယန်ရဲ့သီချင်းသစ်ကို နားထောင်ပြီးတဲ့နောက် အိပ်ပျော်သွားတယ်# ဟူသော ခေါင်းစဉ်သည် ထူးထူးခြားခြားရေပန်းစားတဲ့သတင်းဖြစ်လာပြီး ဆွေးနွေးပြောဆိုမှုများ ဆက်လက်မြင့်တတ်နေသည်။ 

ကျယ်ယန်သည် weibo ကိုပိတ်လိုက်ပြီး အိပ်ရန်ပြင်လိုက်သည်။ 'ကျန်းကျီ'သည် အဓိကဂီတပလက်ဖောင်းအားလုံးတွင် နားထောင်သည့်အရေအတွက်နှင့် download အရေအတွက်သည် သီချင်းသစ်ဇယားတွင် ထိပ်ဆုံးသို့ရောက်ရှိ​နေပြီးဖြစ်သည်။ 

တံခါးပွင့်လာပြီး ဖုန်းပြောရန် အပြင်ထွက်သွားသောချိုးရှင်းသည် ဖုန်းကိုကိုင်၍ အခန်းထဲ​ ပြ​န်ဝင်လာသည်။ ကျယ်ယန်သည် သူ့ဖုန်းကို အိပ်ယာဘေးရှိစားပွဲပေါ်တွင်ထားလိုက်ပြီး လှဲချကာ ချိုးရှင်းအားကြည့်လိုက်သည်။ ချိုးရှင်း၏ခြေလှမ်းများ ခဏရပ်တန့်သွားသည်။ ထို့နောက်သူသည် အိပ်ယာဘေးရှိ စားပွဲသို့လျှောက်လာပြီး မီးပိတ်ကာ အိပ်ယာဝင်လိုက်သည်။ 

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Where stories live. Discover now