Chapter 95
ဟွမ်ထျန်းရဲ့ ပူးပေါင်းမှုတွေနှင့် ထောက်ခံချက်များ ဆုံးရှုံးမှုများသည် ဤနယ်ပယ်ထဲရှိ မရေမတွက်နိုင်သောလူများအား ထင်မြင်ယူဆချက်အမျိုးမျိုး ဖြစ်ပေါ်လာစေသည်။ လူတိုင်းခန့်မှန်းနေကြသော်လည်း ဟွမ်ထျန်း၏ကံမကောင်းမှုသည် ကျယ်ယန်နှင့် အမှန်တကယ်ပတ်သက်နေလိမ့်မည်ဟု မည်သူကမှ မခန့်မှန်းခဲ့ကြပေ။
လေးလေးနက်နက် လေ့လာစိစစ်ပြီးနောက် ဟုန်ကျီကျယ်နှင့် မုကျိုးယိတို့၏ ကောလဟာလများက ရင်းနှီးမြှုပ်နှံသူများနှင့် brand များအား သဘောမကျဖြစ်စေခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများတွင် risk မယူချင်ကြသောကြောင့် ဟွမ်ထျန်းသည် ပူးပေါင်းမှုများနှင့် ထောက်ခံချက်များ ဆုံးရှုံးခဲ့ရသည်ဟု လူတိုင်း ထင်သွားကြသည်။
ယန်ရှင်းဆီသို့ ရင်းနှီးမြှုပ်နှံသူများနှင့် brand များ ပြောင်းသွားရခြင်းမှာလည်း ကောင်းကောင်း နားလည်နိုင်လေသည်။ 'Gold Song Award ဆုပေးပွဲ'သည် မကြာခင်ကျင်းပတော့မည်ဖြစ်သည်။ ဒီတစ်ခါတော့ ယန်ရှင်းတွင် ဆုရနိုင်ခြေရှိသော လူကြိုက်များသည့် album သုံးခုရှိနေသည်။ အမြင်အနည်းငယ်ရှိသည့်မည်သူမဆို ယန်ရှင်းသည် အမှန်တကယ် ပျံသန်းတော့မည်ဖြစ်ကြောင်း သိနိုင်သည်။
ခြုံငုံသုံးသပ်ကြည့်ရသော်၊ ချိုးရှင်း၏ပိုင်နက်ပြသည့်အပြုအမူကို ဝမ်းနည်းစွာနဲ့ဘဲ မည်သူမှမသိသွားခဲ့ကြပေ။
"ငတုံးတွေ!" ဖျော်ဖြေရေးနယ်ပယ်ရှိ စီနီယာရင်းနှီးမြှုပ်နှံသူတစ်ဦးရေးထားသော သုံးသပ်ရေးဆောင်းပါးပါဝင်သည့် မဂ္ဂဇင်းတစ်အုပ်ကိုအဝေးလွှင့်ပစ်လိုက်သည်။ "ဒါက ဘာသုံးသပ်ချက်ကြီးတုန်း? ဟွမ်ထျန်းရဲ့ ပူးပေါင်းမှုတွေနဲ့ ထောက်ခံချက်တွေ ရုတ်သိမ်းခံလိုက်ရတာက ရုန်တင်းနဲ့တစ်နည်းနည်းပတ်သက်နေမှန်းတောင် သတိမထားမိကြဘူး!"
ဟယ်ကျွင်းသည် မျက်နှာအမူအရာကို မနဲတည်ငြိမ်အောင်ထိန်းထားပြီး အပြုံးကို ဖိနှိပ်ထားရသည်။ ထို့နောက် သူ ချိုးရှင်းကိုပြောလိုက်သည်။ "သူဌေး၊ အဲ့ဒါပုံမှန်ပါပဲ။ ဟွမ်ထျန်းနဲ့ပူးပေါင်းထားတဲ့ ကုမ္ပဏီတွေအားလုံးက ရုန်တင်းလက်အောက်ကကုမ္ပဏီခွဲတွေချည်းပဲ။ အမြင်တိမ်တဲ့ရင်းနှီးမြှုပ်နှံသူတွေက ရုံးချုပ်နဲ့ချိတ်ဆက်တွေးမိမှာမဟုတ်လောက်ဘူး။ သူတို့အမြင်စူးရှလို့ ဆက်စပ်တွေးမိရင်တောင်မှ သူတို့ အဲ့အကြောင်းတွေးလည်းမတွေးရဲသလို ပြောလည်းပြောရဲမှာမဟုတ်ဘူး။"

ESTÁS LEYENDO
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasíaစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...