Chapter 73
ချိုးရှင်း၏ကောင်းမွန်သောစိတ်အခြေအနေသည် ဘိုးဘွားရိပ်သာတံခါးသို့ရောက်သောအခါ ပျက်ဆီးသွားလေသည်။ သူတို့ကားဝင်လာသည့်အချိန်တွင် ဘိုးဘွားရိပ်သာတံခါးတွင်ရပ်ထားသော ကားတစ်စီးသည် ရုတ်တရက် မီးတစ်ချက်လင်းလာသည်။ ထို့နောက် အချိန်ခဏကြာအောင်ပျောက်နေသော ဖုန်ချင်းလင်သည် ကားထဲမှထွက်လာခဲ့သည်။
ကျယ်ယန်သည် ချိုးရှင်းဘက်သို့လှည့်ကြည့်လိုက်သည်။ ချိုးရှင်း၏မျက်ဝန်းထဲရှိပျော်ရွှင်မှုများသည် အခိုးအငွေ့များလို ပျောက်ကွယ်သွားသည်။ "ရပ်လိုက်"
ကျိုးမြောင်သည် ကားကိုလမ်းဘေးသို့ကပ်ကာ ရပ်လိုက်သည်။ ချိုးရှင်းသည် ကားထဲမှမထွက်ပေ။ သူပြတင်းပေါက်မှန်ကိုသာချလိုက်သည်။
ဖုန်ချင်းလင်သည် ကားဆီသို့လာပြီး ကိုယ်ကိုငုံ့ကိုင်းကာ ချိုးရှင်းကိုကြည့်လိုက်သည်။ ထို့နောက် သူသည် ချိုးရှင်းဘေးရှိကျယ်ယန်အားတစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "ဦးလေး၊ ကျွန်တော် အဖွားကိုတွေ့ချင်လို့"
ချိုးရှင်းသည် အေးတိအေးစက်ဖြင့် ဖုန်ချင်းလင်ကို ပြန်မကြည့်ဘဲ "ဒါဆို မင်းမှာ အဖွားတစ်ယောက်ရှိသေးမှန်း မှတ်မိသေးသားပဲ။"
ဖုန်ချင်းလင်သည် နှစ်စက္ကန့်လောက်တိတ်ဆိတ်သွားပြီး သူ့အသံသည် ပျော့ပျောင်းနူးညံ့သွားကာ "ဦးလေး၊ ကျွန်တော်အရင်က မှားခဲ့မှန်းသိပါပြီ။ ဒါပေမယ့်…… ဦးလေးက ကျွန်တော် အဖွားနဲ့တွေ့တာကို တားလို့မရဘူးလေ။"
တားတယ်? ယခုပင်ပြေလျော့နေသော ချိုးရှင်း၏အမူအရာသည် အေးခဲတောင့်တင်းသွားသည်။ သူဒေါသဖြင့်ရယ်မောလျက် "တားတယ်? ဖုန်ချင်းလင်၊ မင်း တကယ်ကို……….."
"စိတ်မတိုနဲ့တော့" ကျယ်ယန်သည် ချိုးရှင်းကိုတားလိုက်သည်။ "ကျွန်တော်ဖြေရှင်းလိုက်မယ်" သူသည် ချိုးရှင်းဘက်ရှိ ပြတင်းပေါက်မှန်ကို လှမ်းပိတ်ကာ ကျိုးမြောင်ကိုပြောလိုက်သည်။ "ချိုးရှင်းကို ဘိုးဘွားရိပ်သာပြန်ပို့လိုက်ပါ။" ထို့နောက် သူတံခါးဖွင့်ကာ ကားထဲမှထွက်သွားသည်။
YOU ARE READING
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasyစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...
