Chapter 71

624 98 4
                                    

Chapter 71

သူတို့ ပြဇာတ်ရုံဟောင်းမှ ထွက်ခွာလာခဲ့သည်။ ဖန်ချန်းနန်သည် နောက်တွင်ကျန်နေခဲ့ပြီး ကျယ်ယန်ကိုစောင့်ကာပြောလိုက်သည်။ "ငါ ဒီဇာတ်ရုပ်ကို မရနိုင်ဘူး"

ကျယ်ယန်က မလှုပ်မယှက်ပြန်ဖြေလိုက်သည်။ "စီနီယာ၊ ခင်ဗျားဒီလောက်အဆိုးမြင်ဖို့မလိုပါဘူး။"

ဖန်ချန်းနန် ငြိမ်ကျသွားသည်။ ကျယ်ယန်သည် အရှိန်မြှင့်လိုက်ပြီး ဆက်လျှောက်သွားသည်။ "မင်းနဲ့ပါတ်သက်တဲ့အကြောင်းတွေ ငါ့ကိုလာပြောတဲ့သူက တကယ်ကို မုကျိုးယိပဲ။" ဖန်ချန်းနန်သည် အမှီလိုက်ကာ အသံနှိမ့်လိုက်သည်။ "'ပြင်းထန်တဲ့တိုက်ပွဲ' ရဲ့ ဧည့်သည်နေရာမှာ မုကျိုးယိအစား မင်းကိုပြောင်းလို့ရတယ်။" 

ကျယ်ယန်ရပ်လိုက်ပြီး နောက်ဆုံးတွင် ဖန်ချန်းနန်အားကြည့်လိုက်သည်။ သူသည် ဖန်ချန်းနန်၏မျက်နှာထားကို ဂရုစိုက်အကဲခတ်ကာ မျက်ခုံးပင့်လိုက်ပြီး ဒီလူ၏အပြုအမူကိုလက်ခံလိုက်သည်။ "ကျွန်တော့မှာ ပါဝင်ဖို့ အချိန်မရှိဘူးဆိုတော့ ခယ့်လန်ကိုပြောင်းပေးလိုက်ပါ။"

ဖန်ချန်းနန် မင်သက်သွားသည်။ သူသည် ကျယ်ယန်အား ဖြေရှင်းဖို့ခက်တဲ့ပုစ္ဆာတစ်ခုလိုကြည့်လိုက်ပြီး ပြောလိုက်သည်။ "ငါ ပရိုဂရမ်အဖွဲ့နဲ့ဆက်သွယ်လိုက်မယ်။"

ကျယ်ယန်သည် လက်ဆန့်ထုတ်ကာ ဖန်ချန်းနန်အား လက်ဆွဲနှုတ်ဆက်ရန် အစပြုလိုက်သည်။

ဖန်ချန်းနန်သည် ထပ်မံအံ့သြသွားကာ သူ့လက်ကိုဆန့်၍ ကျယ်ယန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ "ယန်ရှင်းက ကမ္ဘာအနှံ့ ပျံ့သွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။"

"ကျေးဇူးတင်ပါတယ်။ စီနီယာ အခုလိုအမြင့်တစ်နေရာရောက်လာနိုင်တာ အံ့သြစရာမဟုတ်တော့ပါဘူး။" 

ကျယ်ယန်ပြုံးကာ ဖန်ချန်းနန်ဆီမှ ဗိုင်းရပ်စ်များကိုရှင်းရန် သူ့စွမ်းအားများသုံးလိုက်သည်။ ထို့နောက် သူလက်ပြန်ရုတ်ကာ အဓိပ္ပါယ်ရှိသော အမူအရာတစ်ခုဖြင့် ပြုံးလိုက်သည်။ "စီနီယာ့အနေနဲ့ အနာဂါတ်မှာ မကောင်းတဲ့ရည်ရွယ်ချက်နဲ့မိန်းမတွေကို ပိုပြီးခုခံကာကွယ်တာပိုကောင်းလိမ့်မယ်။" ထိုသို့သတိပေးပြီးနောက် သူမြန်မြန်ထွက်သွားကာ ပြဇာတ်ရုံဟောင်း၏ ထွက်ပေါက်၌စောင့်နေသော ချင်းချန်နှင့်ဆုံလိုက်သည်။

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Where stories live. Discover now